DVB Logo
Home
မြန်မာသတင်း
လမိုင်းမြို့ရှိ ယုဇနရွှေဆိုင် အနုကြမ်းစီးခံရပြီး ကျပ်သိန်းထောင်ချီဖိုး ဆုံးရှုံး
DVB
·
September 4, 2024
လမိုင်းမြို့ရှိ ယုဇနရွှေဆိုင် အနုကြမ်းစီးခံရပြီး ကျပ်သိန်းထောင်ချီဖိုး ဆုံးရှုံး
Donate to DVB

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ လမိုင်းမြို့၊ ရှင်စောပုဈေးဝင်းအတွင်းရှိ ‘ယုဇန’ အာမခံ စိန်ရွှေရတနာဆိုင်မှာ စက်တင်ဘာ ၃ ရက် မနက်ပိုင်းက ကျပ်သိန်းထောင်ချီဖိုး အနုကြမ်းစီးခံခဲ့ရကြောင်း ဒေသခံတွေထံက သိရပါတယ်။

လမိုင်းမြို့၊ ရှင်စောပုဈေးအတွင်းက ‘ယုဇန’ ရွှေဆိုင်ပိုင်ရှင်ဖြစ်သူက မနေ့ မနက် ၉ နာရီဝန်းကျင်က ဆိုင်ဖွင့်ဖို့ပြင်ဆင်နေချိန် အမည်မသိ လက်နက်ကိုင်အမျိုးသား ၄ ယောက် ဆိုင်ကယ် ၂ စီးနဲ့ အသင့်စောင့်နေကာ ရွှေအလေးချိန် ၄၀ ကျပ်သားထည့်ထားတဲ့ ရွှေပုံးတပုံးကို လုယက်ကာ သေနတ်ဖောက် ထွက်ပြေးသွားတယ်လို့ စျေးသည်တယောက်က ပြောပါတယ်။

“ရွှေပုံးလိုက်ကို မသွားတာ။ ဘယ်အချိန်တည်းက လာစောင့်နေကြလဲတော့ သေချာမသိဘူး။ ရွှေဆိုင်ပိုင်ရှင်က ဆိုင်လာဖွင့်ပြီး ပစ္စည်းတွေထုတ်နေတဲ့အချိန် ဝင်လုပြီး သေနတ် ၂ ချက်ဖောက် ထွက်ပြေးသွားကြတာ။”

လုယက်ခံခဲ့ရတဲ့ ရွှေပုံးတန်ဖိုး ခန့်မှန်းခြေမှာ ပလက်တီနမ်နဲ့ ရွှေနားကပ် အရန် ၅၀၀ ဝန်းကျင် ထည့်ထားကာ တန်ဖိုးအားဖြင့် ကျပ်သိန်းပေါင်းထောင်နဲ့ချီ ရှိနိုင်ကြောင်းနဲ့ လုယက်ထွက်ပြေးတဲ့ အမျိုးသား ၄ ယောက်အနက် ဆိုင်တွင်းဝင်လုသူ ၂ ယောက်မှာ ဆိုင်ကယ်ဦးထုပ်ဆောင်းကာ မိုးကာအင်္ကျီဝတ်ဆင်ထားကြောင်း ‘ယုဇန’ ရွှေဆိုင်ပိုင်ရှင် ဖြစ်သူထံက သိရပါတယ်။

ရေးမြို့နယ်အတွင်းမှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နယ်မြေတည်ငြိမ်အေးချမ်းမှု မရှိတာကြောင့် ခိုး၊ ဆိုး၊ လု၊ နှိုက်မှု ဖြစ်စဉ် မကြာခဏ ဖြစ်ပွားနေတဲ့အပြင် အခုလို သေနတ်ပြ လုယက်တဲ့ဖြစ်စဉ်တွေလည်း မကြာခဏဖြစ်ပွားနေတာကြောင့် ဒေသခံတွေအကြား ဝေဖန်ပြောဆိုတာတွေလည်း ရှိနေပါတယ်။

ဖြစ်စဥ်နဲ့ပတ်သက်ပြီး လမိုင်းမြို့မရဲစခန်းကို DVB က ဖုန်းနဲ့ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ ပြန်လည်ဖြေကြားခြင်း မရှိပါဘူး။

အလားတူ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဇွန် ၁၃ ရက် မနက်ပိုင်းကလည်း ရေးမြိုနယ်၊ ရန်ကြီးအောင်ရပ်ကွက် ဝင်းသုခ ရွှေဆိုင်ဈေးဝင်းအတွင်းရှိ ‘ရွှေလဝန်း’ ရွှေဆိုင်မှာ အမည်မသိ အမျိုးသား ၂ ယောက်က ရွှေပုံးလုယက်မှု ဖြစ်ပွားခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013