DVB Logo
Home
နိုင်ငံတကာ
တူနီးရှား သမ္မတရွေးကောက်ပွဲဝင် ကိုယ်စားလှယ်လောင်း ၃ ဦးကိုပယ်ချ၊ ၁ ဦးကို ဖမ်းဆီး 
DVB
·
September 4, 2024
တူနီးရှား သမ္မတရွေးကောက်ပွဲဝင် ကိုယ်စားလှယ်လောင်း ၃ ဦးကိုပယ်ချ၊ ၁ ဦးကို ဖမ်းဆီး 
Donate to DVB

တူနီးရှား ရွေးကောက်ပွဲ ကော်မရှင်ဟာ သမ္မတလောင်း ၃ ယောက်ကို ပြန်လည်နေရာချထားပေးတဲ့ တရားရုံး စီရင်ချက်ကို တနင်္လာနေ့မှာ ပယ်ချခဲ့ပြီး နောက်ထပ် သမ္မတလောင်းတယောက်ကိုလည်း ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။

ဒါနဲ့ပတ်သက်ပြီး စက်တင်ဘာ ၂ ရက်မှာ တူနီးရှား တက်ကြွလှုပ်ရှားသူ ဒါဇင်ပေါင်း များစွာဟာ ရွေးကောက်ပွဲကော်မရှင် ရုံးချုပ်ရှေ့မှာ ဆန္ဒပြခဲ့ကြပြီးတော့ ကော်မရှင်ကို နုတ်ထွက်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။

ရွေးကောက်ပွဲကော်မရှင်ဟာ သမ္မတရွေးကောက်ပွဲ ဝင်ပြိုင်ကြမယ့် ထင်ရှားတဲ့ ကိုယ်စားလှယ်လောင်း ၃ ယောက်တို့ရဲ့ ကိုယ်စားလှယ်လောင်း တင်သွင်းမှုကို ပယ်ချခဲ့ပြီးနောက်မှာ ပြီးခဲ့တဲ့သီတင်းပတ်တုန်းက ရွေးကောက်ပွဲဆိုင်ရာ အငြင်းပွားမှုတွေကို အဆုံးအဖြတ်ပေးတဲ့ အမြင့်ဆုံး တရားစီရင်ရေးအဖွဲ့ဖြစ်တဲ့ အုပ်ချုပ်ရေးတရားရုံးဟာ သူတို့ ၃ ဦးကို ပြန်ဝင်ပြိုင်ခွင့်ပြုပါတယ်။

ဒါပေမဲ့ ရွေးကောက်ပွဲကော်မရှင်ဟာ အမြင့်ဆုံးတရားစီရင်ရေးအဖွဲ့အစည်းကို ဖီဆန်ပြီး အောက်တိုဘာ ၆ ရက် သမ္မတရွေးကောက်ပွဲအတွက် လက်ရှိသမ္မတ ကိုက်စ်ဆေယစ်ဒ်နဲ့ တခြားနှစ်ယောက် ဖြစ်တဲ့ ဇူဟဲရ် မာဂျိုဝီနဲ့ အယာချီ ဇမ်မဲလ်တို့ကိုသာ အတည်ပြုခဲ့ပါတယ်။

ရွေးကောက်ပွဲကော်မရှင် အကြီးအကဲ ဖှာရွတ်ခ်ဘိုအာဆာက “ကော်မရှင်ဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ အပ်နှင်းထားတဲ့ တခုတည်းသော အဖွဲ့အစည်းဖြစ်တယ်"လို့ ပြောကြားခဲ့ပါတယ်။ 

တနင်္လာနေ့ အစောပိုင်းက ရဲတပ်ဖွဲ့ဟာ သမ္မတ ကိုယ်စားလှယ်လောင်း ဇမ်မဲလ်ကို ဖမ်းဆီးခဲ့ကြောင်း သူ့ရဲ့စည်းရုံးရေးအဖွဲ့ဝင်တယောက်က  ရိုက်တာကို ပြောခဲ့ပြီး ဒီဖမ်းဆီးမှုဟာ သူ့ရဲ့မဲဆွယ်စည်းရုံးရေး မလုပ်နိုငအောင် အနှောင့်အယှက်ပြုတာဖြစ်ကြောင်း တခြား စည်းရုံးရေးအဖွဲ့ဝင်တွေကလည်း ပြောဆိုပါတယ်။

တူနီးရှား အတိုက်အခံပါတီတွေနဲ့ လူ့အခွင့်အရေးအဖွဲ့တွေက အာဏာပိုင်တွေဟာ လက်ရှိသမ္မတ ဆေယစ်ဒ် ပြန်လည်ရွေးကောက်ခံရစေဖို့အတွက် "ထင်သလို ကန့်သတ်ချက်တွေ"နဲ့ ခြိမ်းခြောက်တာတွေကို  အသုံးပြုနေတယ်လို့ စွပ်စွဲထားပါတယ်။ 

ရွေးကောက်ပွဲကော်မရှင်ဟာ အမှီအခိုကင်းမှု မရှိတော့ဘဲ သူ့ရဲ့တခုတည်းသော ရည်မှန်းချက်ဟာ ဆေယစ်ဒ်အတွက် လွယ်ကူတဲ့ အောင်ပွဲ ဖြစ်လာစေရေးကို အာမခံပေးနေတာလို့ အတိုက်အခံ နိုင်ငံရေးသမားတွေက ဝေဖန်ပါတယ်။ 

ဒီစွပ်စွဲချက်တွေကို ကော်မရှင်က ငြင်းဆိုထားပြီး ဒါဟာ ဘက်လိုက်မှု မရှိဘူးလို့ ပြောပါတယ်။ ၂၀၁၉ ခုနှစ်က ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ခံခဲ့ရတဲ့ ဆေယစ်ဒ်က သူဟာ နိုင်ငံကို မျိုးချစ်စိတ် မရှိသူတွေဆီကို လွှဲပြောင်းပေးမှာမဟုတ်ကြောင်း မနှစ်တုန်းက ပြောကြားထားဖူးပါတယ်။ 

Source-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013