DVB Logo
Home
မြန်မာသတင်း
ရေစကြိုတွင် တပ်ပြောင်းစစ်အရာရှိပစ္စည်းများ တင်လာသည့်ကားကို PDFဖမ်းဆီး
DVB
·
September 3, 2024
ရေစကြိုတွင် တပ်ပြောင်းစစ်အရာရှိပစ္စည်းများ တင်လာသည့်ကားကို PDFဖမ်းဆီး
Donate to DVB

မကွေးတိုင်း၊ ရေစကြိုမြို့နယ် အခြေစိုက် ခလရ ၂၅၈ တပ်က ဗိုလ်ကြီးဇော်လင်းရဲ့ တပ်ပြောင်းပစ္စည်းတွေ တင်လာတဲ့ ကန်တာကားတစီးကို စက်တင်ဘာ ၁ ရက် မနက်က ပခုက္ကူ-ရေစကြိုလမ်းပိုင်းမှာ ဖမ်းဆီးရမိခဲ့ကြောင်း Southern YSO PDF အဖွဲ့ကနေ သိရပါတယ်။

ရေစကြို-ပခုက္ကူလမ်းမှာ စက်တင်ဘာ ၁ ရက်၊ မနက် ၇ နာရီကျော်လောက်က ရေစကြိုတပ်မှ ပုဂံ-ညောင်ဦးဘက်ကို တပ်ပြောင်းရွှေ့လာတဲ့ ခလရ ၂၅၈ တပ်က ဗိုလ်ကြီး ဇော်လင်း ပိုင်ဆိုင်တဲ့ အိမ်ထောင်ပရိဘောဂပစ္စည်း‌တွေ အပါအဝင် ယာဉ်မောင်းနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် မိသားစုဝင် ၂ ယောက်ကို ဖမ်းဆီးမိခဲ့တယ်လို့ Southern YSO PDF တာဝန်ခံ ဗိုလ်အောင်မောင်းက ပြောပါတယ်။

“ကျနော်တို့ စောင့်ကြည့်နေတာ ၂ လနီးပါးလောက် ရှိနေပြီ။ ကားကတော့ စစ်ကောင်စီက အသုံးပြုတဲ့ လုပ်ငန်းစဉ်တိုင်း အရပ်သားပြည်သူတွေကား ပုံစံမျိုးနဲ့ အသုံးပြုနေကြတာ။ ကားကိုတော့ တော်လှန်ရေးလုပ်ငန်းစဉ်တွေမှာ အသုံးပြုဖို့အတွက် သိမ်းထားမှာပါ။”

Southern YSO PDF အဖွဲ့က ဖမ်းဆီးရမိခဲ့တဲ့ ဗိုလ်ကြီးဇော်လင်း ပိုင်ဆိုင်တဲ့ စစ်အသုံးအဆောင်ပစ္စည်းတွေ၊ အင်းဝဘဏ်စာအုပ်နဲ့ သင်တန်းဆင်းလက်မှတ်တွေ အပါအဝင် အိမ်ထောင်ပရိဘောဂပစ္စည်းတွေပါ ပါဝင်ကြောင်း သိရပါတယ်။

ဒါ့အပြင် ဖမ်းဆီးရမိခဲ့တဲ့ တပ်မိသားစုဝင် ၂ ယောက်နဲ့ ယာဉ်မောင်းတို့ကို လတ်တလောမှာ စိစစ်မေးမြန်းနေပြီး ၃ ယောက်လုံးကို ပြန်လွှတ်ပေးဖို့လည်းရှိကြောင်း Southern YSO PDF အဖွဲ့ဆီက သိရပါတယ်။

ပြီးခဲ့တဲ့ သြဂုတ် ၁၀ ရက် နေ့လယ် ၁ နာရီလောက်ကလည်း ပခုက္ကူဘက်မှ ရေစကြိုဘက်သွားတဲ့ စစ်ကောင်စီယာဥ်တန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေ ကြားဖြတ် တိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၅ ယောက် သေဆုံးခဲ့ပြီး ၅ ယောက် အရှင်ဖမ်းမိခဲ့​ကာ လက်နက်ခဲယမ်းတချို့ သိမ်းဆည်းရမိခဲ့ကြောင်း သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013