DVB Logo
Home
Lead Story
ဘုန်းကြီးများ မာတုဂါမနှင့်ငြိစွန်းပါက အရေးယူမည်ဟု သာသနာရေး သတိပေး
DVB
·
April 30, 2026
Photo: နိုင်ငံတော်သံဃမဟာနာယက
Photo: နိုင်ငံတော်သံဃမဟာနာယက
Donate to DVB

ရဟန်း၊ သံဃာတွေအနေနဲ့ မာတုဂါမတွေနဲ့ ငြိစွန်းပါက သာသနာရေးဌာနက ဥပဒေနဲ့အညီ အရေးယူသွားမယ်လို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့က ထုတ်ပြန်ထားပါတယ်။

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့က ဘုန်းကြီးကျောင်းတွေသန့်ရှင်းသပ်ရပ်ရေး၊ စေတီပုထိုးတွေ တင့်တယ်လှပရေး၊ ရဟန်း သံဃာတွေ ဆိုင်ကယ်နဲ့ကားတွေ ကိုယ်တိုင်မောင်းနှင်တာနဲ့ ရဟန်းသံဃာတွေ မာတုဂါမနဲ့ ငြိစွန်းခြင်းမရှိစေဖို့ အပါအဝင် အချက် ၆ ချက်ပါ ညွှန်ကြားစာကို ဧပြီ ၃ ရက်က ထုတ်ပြန်လိုက်တာပါ။

ဆရာတော်တပါးက "ဘုန်းကြီးကျောင်းတွေ၊ မိသားစုဝင်တွေ၊ ဧည့်သည်တွေကို ညအိပ်ထားရင်း ဘုန်းကြီးတွေနဲ့မာတုဂါမတွေ ချစ်ကြိုက်တဲ့ဇာတ်လမ်းတွေရှိလို့ သာသနာရေးညှိးနွမ်းမှု မဖြစ်အောင် သံဃမဟာနာယကအဖွဲ့က စာထုတ်လိုက်တာပါ”လို့ မိန့်ပါတယ်။

တားမြစ်ချက်ကို ဖောက်ဖျက်တဲ့  ဘယ်လို ရဟန်း၊သံဃာမဆို လူဝတ်လဲပြီး သာသနာညှိုးနွမ်းစေမှု ပုဒ်မနဲ့ အရေးယူဆေင်ရွက်သွားမှာဖြစ်တယ်လို့ ဆရာတော်က ဆက်လက်မိန့်ကြား ပါတယ်။

ဘာသာရေးကို ဗန်းပြပြီး စီးပွားရှာနေတဲ့ သံဃာတချို့ကြောင့် သာသနာညှိုးနွမ်းစေသလို ရဟန်း သံဃာမှန်းသိလျက်နဲ့ ချစ်ကြိုက်တဲ့ အမျိုးသမီးတွေမှာလည်း အပြစ်ရှိတယ်လို့ ဆရာဒါယကာတ ယောက်က ပြောပါတယ်။

"မြေပြင်မှာ တကယ်ဖြစ်နေလို့ အခုလိုစာထုတ်တာ တချို့ဘုန်းကြီးတွေက ကျောင်းမှာစာသင်သား မရှိဘူး အလှူခံမိသားစုခေါ်ထားတာ။ တချို့ဆို မိန်းမတွေနဲ့ မနက်ဘုန်းကြီး ညဘက်ကျတော့လူ။ အမျိုးသမီးတွေကလည်း ဘုန်းကြီးကဝင်ငွေကောင်းတော့ ငရဲကြီးမှာ မကြောက်တော့ဘူး။ ကြိုက်ကြတာပဲ ထေကြီးဝါကြီးဆရာတော်ကြီးတွေကိုတော့ ကန့်တောပါရဲ့ အဲ့လိုဘုန်းကြီးတွေမိရင် လူဝတ်လဲပြီး ထောင်ထဲထည့်ပစ်ရမှာ”လို့ သုံးသပ်ပြောပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက အွန်လိုင်းပေါ် ပျံ့နှံ့နေတဲ့ မဖွယ်မရာ ဗီဒီယိုဖိုင်ပါ ဧရာဝတီတိုင်း ပုသိမ်-ငွေဆောင် ကားလမ်းဘေးရှိ ကျောင်းတိုက်တခုက ဘုန်းကြီးနဲ့ သီလရှင် ၄ ပါးတို့ကို ဧပြီ ၂၅ ရက်မှာ သံဃာအဖွဲ့အစည်းတွေက သိက္ခာချ လူဝတ်လဲပေးလိုက်ပြီး ရဲတပ်ဖွဲ့က ဖမ်းဆီးစစ်ဆေးနေ ပါတယ်။

စစ်တပ်အာဏာသိမ်းပြီး ၂၀၂၁ ခုနှစ်ကနေ ၂၀၂၅ ခု နှစ်အတွင်း မြန်မာနိုင်ငံတဝန်း အလှူခံတာ၊ အရက်သေစာသောက်စားတာ၊ KTV သွားတာ၊ မိန်းမနဲ့အတူနေတဲ့ ရဟန်း၊ သံဃာ ၇၀ နီပါး ကို လူဝတ်လဲကာ အရေးယူခဲ့ရတယ်လို့ သာသနာရေးဦးစီးဌာနနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013