DVB Logo
Home
အားကစား
ပေါ်တူဂီအသင်းမှ အနားယူရန် မစဉ်းစားသေးဟု စီရော်နယ်ဒို ပြော
DVB
·
September 3, 2024
ပေါ်တူဂီအသင်းမှ အနားယူရန် မစဉ်းစားသေးဟု စီရော်နယ်ဒို ပြော
Donate to DVB

နိုင်ငံအသင်းကနေ အနားယူဖို့ မစဉ်းစားသေးကြောင်း ပေါ်တူဂီတိုက်စစ်မှူး စီရော်နယ်ဒိုက အတည်ပြုသွားပါတယ်။ 

အသက် ၃၉ နှစ်ရှိပြီဖြစ်တဲ့ စီရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ ယူရို ၂၀၂၄ ပြိုင်ပွဲမှာ အောင်မြင်မှု မရခဲ့တဲ့နောက် နိုင်ငံ့လက်ရွေးစင်အသင်းကနေ အနားယူမယ်လို့ ခန့်မှန်းသုံးသပ်ခဲ့ကြတာပါ။

လက်ရှိအချိန်မှာတော့ နိုင်ငံအသင်းကအနေ အနားယူဖို့ မစဉ်းစားသေးဘဲ  သင့်တော်တဲ့ အချိန်တခုရောက်မှသာ အနားယူဖို့ အစီအစဉ်ရှိတယ်လို့ ရော်နယ်ဒိုက ပြောပါတယ်။

အသင်းအတွက် ဘာတခုမှ ကူညီနိုင်မှာမဟုတ်တော့ဘူးလို့ ခံစားရတဲ့အချိန်မှာတော့ အနားယူသွားမှာ ဖြစ်တယ်လို့ စီရော်နယ်ဒိုက ပြောပါတယ်။ 

ယူရိုပြိုင်ပွဲအလွန်မှာ ရော်နယ်ဒိုအနေနဲ့ နိုင်ငံအသင်းကနေ အနားယူသင့်ပြီး လူငယ်တွေကို နေရာပေးရတော့မှာဖြစ်ကြောင်း နောက်ခံလူ ဟိုဆေးဖွန်တီက တိုက်တွန်းခဲ့ဖူးပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013