
တူရကီကလပ် ဂါလာတာစာရေးအသင်းဟာ နာပိုလီတိုက်စစ်မှူး ဗစ်တာအိုဆီမန်ကို ခေါ်ယူဖို့ သဘောတူညီမှု ရရှိသွားပါတယ်။
အသက် ၂၅ နှစ်ရှိ နိုင်ဂျီးရီးယားတိုက်စစ်မှူးကို ဂါဘာတာစာရေးအသင်းက တရာသီ အငှားစာချုပ်နဲ့ခေါ်ယူဖို့ သဘောတူခဲ့တာဖြစ်ပြီး လစာတချို့တဝက်ကို နာပိုလီအသင်းက ဆက်လက်ပေးချေသွားရမယ်လို့ သိရပါတယ်။
နာပိုလီအသင်းဟာ တိုက်စစ်မှူး လူကာကူကို ပေါင် ၃၈ သန်းနဲ့ခေါ်ယူခဲ့ပြီး အိုဆီမန်ကို အသင်းလူစာရင်းကနေ ချန်လှပ်ခဲ့တာပါ။
ချဲလ်ဆီးအသင်းနဲ့ ဆွေးနွေးခဲ့ပေမဲ့ အပြောင်းအရွှေ့မဖြစ်မြောက်ခဲ့တဲ့အဆုံးမှာ တူရကီကလပ်ဆီ ပြောင်းရွှေ့ခွင့်ပြုခဲ့တာပါ။
အိုဆီမန်ဟာ ၂၀၂၀ ပြည့်နှစ်က နာပိုလီအသင်းဆီ ပြောင်းရွှေ့လာပြီးနောက် ၄ နှစ်အတွင်းမှာ ၁၃၃ ပွဲ ကစားပြီး ၇၆ ဂိုးသွင်းယူပေးခဲ့ပါတယ်။










