မန်ယူနိုက်တက် အသင်းခေါင်းဆောင် ကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်ကို ဥရောပထိပ်တန်း ကလပ်အသင်းတွေက ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။
ပေါ်တူဂီလက်ရွေးစင် ဘရူနိုဖာနန်ဒက်စ်အတွက် တူရကီကလပ် ဂါလာတာစာရေးက အပြောင်းအရွှေ့ ကမ်းလှမ်းမှုကြီးတခု ပြင်ဆင်နေတာပါ။
ဒါပေမဲ့ မန်ယူအသင်းကတော့ အသင်းခေါင်းဆောင်ကို လက်လွှတ်ဖို့ ဆန္ဒမရှိဘဲ အသင်းမှာ ဆက်ထိန်းထားမယ်လို့ ခိုင်မာတဲ့ ဆုံးဖြတ်ချက်ချထားတယ်လို့ သိရပါတယ်။
ဂါလာတာစာရေးက ဘရူနိုဖာနန်ဒက်စ်အတွက် လက်ရှိရရှိနေတဲ့ လစာထက် ၂ ဆတိုးပေးဖို့ စီစဉ်ထားပါတယ်။
ပြောင်းရွှေ့ကြေး ပေါင် ၄၃ သန်းနဲ့ ကမ်းလှမ်းဖို့လည်း ပြင်ဆင်နေတာပါ။ အက်သလက်တီကို မက်ဒရစ်၊ ဂျူဗင်တပ်စ်နဲ့ အေစီမီလန်တို့လို နာမည်ကြီးအသင်းတွေကလည်း ဘရူနိုကို ခေါ်ယူဖို့ အလေးအနက် စဉ်းစားနေကြပါတယ်။











