နှလုံးခွဲစိတ်ကုသမှု ခံယူပြီးနောက် ပထမဆုံးအကြိမ် ပြန်လည်ပါဝင်လာတဲ့ မက်ခ်တွန်မီနေးရဲ့ သွင်းဂိုး ၂ ဂိုးနဲ့အတူ နာပိုလီအသင်းက ဘိုဒိုးဂလင်းအသင်းကို ၄ ဂိုး - ၃ ဂိုးနဲ့ အနိုင်ရရှိသွားပါတယ်။
ချန်ပီယံလိဂ် ပထမ ၂ ပွဲဆက် ရှုံးနိမ့်ထားတဲ့ နာပိုလီအတွက် မက်ခ်တွန်မီနေးက ၂ ဂိုး သွင်းယူပေးခဲ့ပြီး ပိုလီတာနိုရဲ့ ဂိုးတဂိုးနဲ့ ပြိုင်ဘက်ကစားသမားရဲ့ ကိုယ့်ဂိုးကိုယ် သွင်းယူမှုတို့ကြောင့် နာပိုလီ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။
ဘိုဒိုးဂလင်းအသင်းကလည်း ချေပဂိုးတွေ ပြန်လည်သွင်းယူခဲ့ပေမဲ့ နာပိုလီကိုတော့ မယှဉ်နိုင်ခဲ့ပါဘူး။
ဒီနိုင်ပွဲကြောင့် နာပိုလီအသင်းဟာ အခုရာသီ ချန်ပီယံလိဂ်မှာ ပထမဆုံးနိုင်ပွဲနဲ့ ရမှတ် ၃ မှတ် ရရှိခဲ့ပါတယ်။











