
မန်စီးတီး ဂန္ထဝင်ကစားသမားဖြစ်သူ အသက် ၃၅ နှစ်အရွယ် ဒီဘရိုင်းဟာ နာပိုလီအသင်းကနေ အမြန်ဆုံး ထွက်ခွာချင်နေကြောင်း သူ့ရဲ့ ဇနီးဖြစ်သူက ထုတ်ဖော်ပြောလိုက်ပါတယ်။
နာပိုလီမှာ ဖြတ်သန်းနေတဲ့ ပထမဆုံး ရာသီအတွင်း ကြံ့ခိုင်မှု ပိုင်း အခက်အခဲတွေနဲ့ ရင်ဆိုင်ခဲ့ရသလို နည်းပြဟောင်း အန်တိုနီယိုကွန်တီနဲ့လည်း သဘောထား ကွဲလွဲမှုတွေ ရှိခဲ့တယ်လို့ သိရပါတယ်။
ဒီလို အကြောင်းရင်းတွေကြောင့် အီတလီမြေမှာ ကစားရတဲ့ ကိစ္စတွေဟာ မျှော်လင့်သလို ဖြစ်မလာခဲ့တာပါ။
ဒီဘရိုင်းဟာ အသင်းဖော်တွေ၊ နာပိုလီတာဝန်ရှိသူတွေနဲ့ အဆင်မပြေမှုတွေ ရှိခဲ့သလို ပရိသတ်တွေ နဲ့လည်း ပြဿနာကြုံတွေ့ခဲ့ရပါတယ်။
ဒါ့အပြင် အဆင်မပြေတဲ့ ဒီလူနေမှုဘဝကနေ ရုန်းထွက်ဖို့ အစွမ်းကုန် ကြိုးစားနေတာ ဖြစ်ပါတယ်။ သူ့ရဲ့ ဇနီးဖြစ်သူကတော့ အီတလီကနေ အမြန်ဆုံး ထွက်ခွာနိုင်လေ ပိုကောင်းလေပါလို့ အတည်ပြု ပြောကြားခဲ့ပါတယ်။
Photo:Reuters











