ဒဏ်ရာကြောင့် အသင်းနဲ့ အဆင်မပြေဖြစ်နေတဲ့ လူကာကူဟာ နာပိုလီတာဝန်ရှိသူတွေနဲ့ ပြန်လည်ဆွေးနွေးပြီးနောက် နားလည်မှု ရသွားပါတယ်။
အသင်းရဲ့ လေ့ကျင့်ရေးအစီအစဉ်တွေကို လာဖို့ပျက်ကွက်ခဲ့လို့ လူကာကူတယောက် စည်းကမ်းပိုင်းဆိုင်ရာ အရေးယူခံရဖို့ ရှိနေတယ်လို့ မတ်လအတွင်းက သတင်းတွေ ထွက်ခဲ့ဖူးတာပါ။
အသက် ၃၂ နှစ်အရွယ် လူကာကူဟာ ဒီရာသီမှာ ဒဏ်ရာကြောင့် ၇ ပွဲပဲ ကစားထားရသေးပြီး မတ်လ ၆ ရက် နောက်ပိုင်း ပွဲထွက်နိုင်ခြင်း မရှိသေးပါဘူး။
ဒဏ်ရာကုသဖို့ ဘယ်လ်ဂျီယံကို ပြန်သွားတာကြောင့် အသင်းနဲ့ အထင်အမြင်လွဲတာတွေ ရှိခဲ့ပေမဲ့ အခုတော့ အားလုံးပြေလည်သွားပြီလို့ သိရပါတယ်။
လူကာကူဟာ နောက်ထပ် ၂ ပတ်လောက် အကြာမှာ အသင်းအတွက် ပြန်ကစားပေးနိုင်မှာ ဖြစ်ပါတယ်။










