DVB Logo
Home
နိုင်ငံတကာ
ထိုင်းအစိုးရအဖွဲ့ထဲ ပူးပေါင်းပါဝင်ရန် ဒီမိုကရက်ပါတီကို ဝန်ကြီးချုပ် ဖဲထောင်းထန်း ကမ်းလှမ်း 
DVB
·
September 2, 2024
ထိုင်းအစိုးရအဖွဲ့ထဲ ပူးပေါင်းပါဝင်ရန် ဒီမိုကရက်ပါတီကို ဝန်ကြီးချုပ် ဖဲထောင်းထန်း ကမ်းလှမ်း 
Donate to DVB

 

ထိုင်းဒီမိုကရက်ပါတီ (ရှပ်ဝါ) နဲ့ ဖွေ့ထိုင်းပါတီ (ရှပ်နီ) တို့ဟာ နိုင်ငံရေးမှာ နှစ်ပေါင်းများစွာ အတိုက်အခံ ရန်သူတွေ ဖြစ်ခဲ့ကြပေမဲ့ လက်ရှိအာဏာာရ ဖွေ့ထိုင်းပါတီဟာ သူ့ရဲ့အစိုးရအဖွဲ့ထဲကို ဒီမိုကရက်ပါတီမှ ပူးပေါင်းပါဝင်ဖို့ ကမ်းလှမ်းလိုက်ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး သက်ဆိုင်ရာ ပါတီဝန်းရံသူတွေကြားမှာ ကျေနပ်သူရှိသလို မကျေနပ်သူတွေလည်း ရှိနေပါတယ်။ ဖွေ့ထိုင်းပါတီဟာ မိမိပါတီအာဏာရရေးအတွက် ဘာမဆို ပြောင်းလဲရဲတယ်၊ ရပ်တည်ချက်ခိုင်မာမှု မရှိဘူးလို့လည်း ဝေဖန်နေကြပါတယ်။

ဝန်ကြီးချုပ် ဖဲထောင်းထန်း ရှင်နာဝပ်ကတော့ ဒီကနေ့ ဒီမိုကရက်ပါတီ အမှုဆောင်တွေဟာ အရင်ဒီမိုကရက်ပါတီနဲ့ မတူတော့ပါဘူး၊ ပါတီအမည် မပြောင်းပေမဲ့ အလုပ်အမှုဆောင်တွေ ပြောင်းလဲခဲ့တယ်၊ ဒီမိုကရက်ပါတီကို လက်ခံပြီး အစိုးရအဖွဲ့ထဲ ဖိတ်ခေါ်လိုက်တာဟာ အတိတ်က ဒီမိုကရက်ခေါင်းဆောင်ဟောင်းတွေရဲ့ လုပ်ဆောင်ချက်ကို လက်ခံတာ မဟုတ်ဘူး၊ ဒါပေမဲ့ ဒီကနေ့ဟာ အရာရာ အများကြီး ပြောင်းလဲသွားပြီ၊ ဘာကြောင့်လဲဆို ကျမတို့ဟာ တည်မြဲမှုရှိတဲ့ အစိုးရကို လိုလားတယ်၊ ဒီမိုကရက်ပါတီထံက မဲဆန္ဒကိုရခြင်းဟာ အစိုးရဖွဲ့ဖို့ လုံလောက်တဲ့ မဲအရေအတွက် ရစေတယ်၊ ဒီမိုကရက် ပါဝင်လာခြင်းဟာ ဥပမာ နိုင်ငံတနိုင်ငံဟာ အာဏာသိမ်းအစိုးရဆိုရင် တခြားနိုင်ငံက ကူးသန်းရောင်းဝယ်ရေး မလုပ်လိုဘူး၊ အာဏာသိမ်းအစိုးရက‌နေ ဒီမိုကရေစီအစိုးရကို ပြောင်းလဲလာရင် ကူးသန်းရောင်းဝယ် ဆက်ဆံလာကြလိမ့်မယ်၊ ဒီမိုကရက်ပါတီဟာ အာဏာသိမ်းတဲ့ဘက်ကနေ ဒီမိုကရေစီဘက် ပြောင်းလဲလာတဲ့ သဘောပါပဲလို့ ပြီးခဲ့တဲ့ ဩဂုတ် ၃၀ ရက် ဆုခိုထိုင်းခရိုင် ရေဘေးဒုက္ခသည်တွေ သွားရောက်ကူညီစဉ် သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

ဒီမိုကရက်ပါတီနဲ့ ပူးပေါင်းလိုက်တာကို ရှပ်နီဘက်က လူတွေ သိပ်သဘောမတူကြဘူးလို့ သတင်းထောက်တွေက မေးရာမှာ ဝန်ကြီးချုပ်က သူ့ကိုယ်သူ လက်ညှိုးထိုးပြီး ဟောဒီမှာလေ ရှပ်နီလူ၊ ဖွေ့ထိုင်းပါတီမှာ ပြည်သူ့အခက်အခဲတွေကို ရအောင်ဖြေရှင်းပေးဖို့ ပြတ်သားတဲ့ ဦးတည်ချက်ရှိတယ်၊ ဝန်ကြီးချုပ်ဟာလည်း လူတိုင်းရဲ့ဝန်ကြီးချုပ် ဖြစ်တယ်၊ အတိတ်က နိုင်ငံရေးကိုပဲ တွေးနေရင် ရှေ့မတိုးနိုင်တော့ဘူး၊ နောက်ပြန်ဆွဲလိမ့်မယ်၊ ဒါကြောင့် တိုင်းပြည်တိုးတက်ရေးပဲ ဦးတည်တယ်။ ရှပ်နီတွေရဲ့ ခံစားချက်ကို နားလည်တယ်၊ ဒါပေမဲ့ တိုးတက်ပြောင်းလဲမှုအတွက် အတူတကွ ရှေ့ဆက်ဖို့ အဆင်သင့်ပါပြီလား၊  နောင်လာနောက်သားတွေအတွက် ကောင်းမွန်တဲ့နိုင်ငံတော်ကို တည်ဆောက်ပေးခဲ့ရမယ်၊ ကောင်းမွန်သော နိုင်ငံတော်ကို တည်ဆောက်နိုင်ဖို့ အဲဒီအစိုးရဟာ တည်ငြိမ်မှုရှိရမယ်လို့ သူမက ဆက်ပြောပါတယ်။

အစိုးရအဖွဲ့ထဲမှာ ဖလန်းပချားရတ်ပါတီနဲ့ ဆက်ပူးပေါင်းဖို့ မဖြစ်နိုင်တာကြောင့် လွှတ်တော်ထဲမှာ အထွေထွေမူဝါဒတွေ ဆုံးဖြတ်ချက်ချတဲ့အခါ လုံလောက်တဲ့ ထောက်ခံမဲရဖို့ ဒီမိုကရက်ပါတီကို ဖိတ်ခေါ်လိုက်ရတာလို့ ဆိုပါတယ်။

တိုးတက်ကောင်းမွန်သော တိုင်းပြည်ကို အတူတကွ တည်ဆောက်ဖို့ အားလုံး ပူးပေါင်းပါဝင်ကြဖို့ တိုက်တွန်းတယ်လို့ ဝန်ကြီးချုပ် ဖဲထောင်းထန်းက ပြောသွားပါတယ်။

Source - CH3 Thai News

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013