DVB Logo
Home
မြန်မာသတင်း
ရွှေကျင်မြို့နယ်ရှိ ကုန်းမြင့်သာယာတပ်စခန်းကို PDF သိမ်းပိုက်၊ အရာရှိ  အပါအဝင် ၅ ဦး သေဆုံး 
DVB
·
September 2, 2024
ရွှေကျင်မြို့နယ်ရှိ ကုန်းမြင့်သာယာတပ်စခန်းကို PDF သိမ်းပိုက်၊ အရာရှိ  အပါအဝင် ၅ ဦး သေဆုံး 
Donate to DVB

ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်၊ ကုန်းမြင့်သာယာကျေးရွာမှာ အထိုင်ချတပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းကို သြဂုတ် ၃၁ ရက်၊ မနက် ၁၁ နာရီ၀န်းကျင်မှာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ တောင်ပိုင်းစစ်ဒေသ၊ အမှတ် (၂) စစ်ဒေသခွဲ၊ ပြည်သူ့ကာကွယ်ရေးတပ်ရင်း ၃၇၀၂ ဆီကနေ သိရပါတယ်။

၃၇၀၂ တပ်ရင်းရဲ့ ပြောရေးဆိုခွင့်ရှိသူတဦးက “အခုသိမ်းပိုက်နိုင်ခဲ့တဲ့ တပ်စခန်းက အကြီးကြီးတော့ မဟုတ်လှဘူး။ ကျနော်တို့တွေဘက်က သူတို့စခန်းပေါ်ကို ဒရုန်းတွေနဲ့ ဗုံးတွေ အရင်ကြဲပြီး တိုက်ခိုက်ခဲ့တာပါ။ စခန်းသိမ်းနိုင်ဖို့အတွက် တိုက်ခိုက်ချိန်က မိနစ်ပိုင်းလေးပါပဲ။ ၆ မိနစ်၊ ၇ မိနစ်လောက်ပဲ ကြာတယ်။ သူတို့တပ်စခန်းကို တန်းသိမ်းနိုင်ခဲ့တာပါ” လို့ ​DVB ကို ပြောပါတယ်။

ကုန်းမြင့်သာသာကျေးရွာမှာ အထိုင်ချတပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေဟာ ပြီးခဲ့တဲ့ရက်အနည်းငယ်က ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုတွေ တိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့ ဘောကထာစစ်ကောင်စီတပ်စခန်းကနေ ဆုတ်ခွာထွက်ပြေးလာကြပြီး ရှေ့တန်းစခန်းအဖြစ် ကုန်းမြင့်သာယာကျေးရွာမှာ အထိုင်ချတပ်စွဲနေကြတာ ဖြစ်တယ်လို့ ဆိုပါတယ်။

၃၇၀၂ တပ်ရင်းရဲ့ ​ပြန်ကြားရေးတာ၀န်ခံတယောက်က “စခန်းသိမ်းတိုက်ပွဲမှာ သူတို့ဘက်က စစ်တပ်အရာရှိတယောက်နဲ့ အခြားအဆင့်တပ်သား ၄ ယောက်လောက် သေတယ်။ အများအပြားလည်း ဒဏ်ရာရပြီး ထွက်ပြေးသွားကြတယ်”လို့ ပြောပါတယ်။

အဆိုပါစခန်းသိမ်းတိုက်ပွဲကနေ လက်နက်ကြီး၊ လက်နက်ငယ်တွေ အပါအ၀င် ခဲယမ်းအမြောက်အမြားနဲ့  ဆန်အိတ် ၄၀၀ ကျော် သိမ်းပိုက်ရရှိခဲ့ပါတယ်။

ကုန်းမြင့်သာသာကျေးရွာ တပ်စခန်းသိမ်းတိုက်ပွဲကို တောင်ပိုင်းစစ်ဒေသ၊ အမှတ် (၂) စစ်ဒေသခွဲ၊ PDF တပ်ရင်း ၃၇၀၂၊ စစ်ဒေသခွဲ ဒရုန်းအထူးတပ်ဖွဲ့ ၁၈၀၅၊ PDF Spring Warrior စစ်ကြောင်းနဲ့အတူ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်ရင်း ၉ တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာလို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ PDF စစ်ရုံးချုပ်က စက်တင်ဘာ ၁ ရက်မှာ ထုတ်ပြန်ထားပြီး စစ်ကောင်စီတပ်ဘက်ကတော့ သတင်းတစုံတရာ ထုတ်ပြန်လာတာ မတွေ့ရသေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013