DVB Logo
Home
မြန်မာသတင်း
မင်းလှတိုက်ပွဲတွင် စစ်သား ၇ ဦးသေ၊ ရေဦးတွင် ဒရုန်းဗုံးကြောင့် ပြည်သူ ၃ ဦး ဒဏ်ရာရ
DVB
·
August 31, 2024
မင်းလှတိုက်ပွဲတွင် စစ်သား ၇ ဦးသေ၊ ရေဦးတွင် ဒရုန်းဗုံးကြောင့် ပြည်သူ ၃ ဦး ဒဏ်ရာရ
Donate to DVB

ပဲခူးတိုင်း၊ မင်းလှမြို့နယ်မှာ စစ်ကောင်စီစစ်ကြောင်းတခု တိုက်ခိုက်ခံရလို့ စစ်သား ၇ ယောက်ထက်မနည်းသေဆုံးခဲ့ပြီး စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်မှာတော့ စစ်ကောင်စီက ဒရုန်းနဲ့ ဗုံးကြဲလို့ ပြည်သူ ၃ ယောက် ဒဏ်ရာရသွားပါတယ်။

မင်းလှမြို့နယ်၊ ဆားချောင်းကျေးရွာနားမှာ ဩဂုတ် ၃၀ ရက်နေ့၊ နေ့လယ် ၁၂ နာရီဝန်းကျင်က ဖြစ်ပွားခဲ့တဲ့တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၇ ယောက် ထက်မနည်းသေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြတယ်လို့ သာယာဝတီခရိုင် ၃၈၀၃ တပ်ရင်း (MDF - Special Force) ဆီကနေ သိရပါတယ်။

၃၈၀၃ တပ်ရင်းရဲ့ စစ်ရေးတာဝန်ခံတယောက်က “ဒီကောင်တွေစစ်ကြောင်းက အင်အားမများလှဘူး။ သူတို့ ဆားချောင်းရွာကိုဝင်တဲ့အချိန်မှာတိုက်ပွဲဖြစ်ခဲ့တာပါ။ နှစ်ဖက်အပြန်အလှန်တိုက်ပွဲကတော့ ၁ နာရီဝန်းကျင်လောက်ကြာခဲ့တယ်။ သူတို့ဘက်က နေရာမှာတင် ၇ ကောင်သေတယ်။ ဒဏ်ရာရပြီး ပြေးသွားတဲ့ကောင်တွေလည်းရှိတယ်” လို့ DVB ကို ပြောပါတယ်။

နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီစစ်ကြောင်းရဲ့ 6 KG Payload သယ်ဆောင်နိုင်တဲ့ တိုက်ခိုက်ရေးအမျိုးအစား DIY Multirotor ဒရုန်း ၁ စီးကိုလည်း ပစ်ချသိမ်းဆည်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီတိုက်ပွဲအတွင်းမှာ တောင်ပိုင်းတိုင်း၊ အမှတ် ၂ စစ်ဒေသခွဲက ရဲဘော် ၁ ယောက် မစိုးရိမ်ရတဲ့ ဒဏ်ရာရရှိခဲ့​တယ်လို့လည်း သိရပါတယ်။

၃၈၀၃ တပ်ရင်းရဲ့ တာဝန်ခံတယော်ကက “ဒီရွာကို အခု လလယ်လောက်ကလည်း သူတို့ဘက်က စစ်ကြောင်းတကြောင်းဝင်ပြီး ရွာသားတွေရဲ့ပစ္စည်းတွေ လုသွားရုံတင်မကဘူး၊ ရွာကအိမ်တွေကို မီးရှို့သွားကြလို့ ရွာကအိမ်ခြေ ၃ ပုံ ၁ ပုံလောက် မီးလောင်ပျက်စီးသွားခဲ့တယ်။ အိမ်ခြေ ၃၀၀ ဝန်းကျင်လောက်ပေါ့။ အဲဒီ အိမ်တွေကိုမီးရှို့ပြီးပြန်သွားတဲ့ စစ်တပ်စစ်ကြောင်းကို လမ်းကနေ ဖြတ်တိုက်တုန်းကလည်း သူတို့ဘက်က မနည်းဘူး သေခဲ့ကြသေးတယ်။ အဲ့ဒါကိုမမှတ်ဘဲ ထပ်လာတော့ ထပ်တီးလိုက်တာ ထပ်သေကုန်ကြပြန်ရောပေါ့ဗျာ” လို့ ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုကို တောင်ပိုင်းစစ်ဒေသ၊ အမှတ် ၂ စစ်ဒေသခွဲ၊ တိုင်းစစ်ဌာန (ပဲခူး) ရဲ့ ကွပ်ကဲမှုနဲ့ သာယာဝတီခရိုင် ၃၈၀၃ တပ်ရင်း (MDF - Special Force) က တိုက်ခိုက်ခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ မုတ်ဆီရွာကို ဩဂုတ် ၃၀ ရက် နေ့ ည ၇ နာရီလောက်မှာ စစ်တပ်က ဒရုန်းနဲ့ ဗုံးကြဲလို့ ပြည်သူ ၃ ယောက် ကျည်စထိမှန် ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဒေသခံတယောက်က “မုတ်ဆီရွာ ကားလမ်းဘေးက အိမ်ကို ချခဲ့တာဗျ။ အဲဒီအိမ်ရဲ့ အရှေ့ ကွင်းပြင်ကိုကျပြီး အိမ်ထဲမှာ နေတဲ့ ပြည်သူ ၃ ဦးကို ထိမှန်ခဲ့တယ်ဗျ။ ထိမှန်တဲ့ပြည်သူ ၃ ဦး ကတော့ အမျိုးသားတွေပါ” လို့ ပြောပါတယ်။

ရေဦးမြို့၊ တိုင်းရင်းဆေးရုံမှာ တပ်စွဲထားတဲ့ စစ်တပ်ကလွှတ်တဲ့ ဒရုန်းဖြစ်တယ်လို့ သိရပြီး ဒရုန်းပျက်ကျပေါက်ကွဲခဲ့တာဖြစ်သလို ၄၀ မမ ဗုံးသီးကို သယ်လာတာလို့ ရေဦးမြို့ ABSDF ပြည်သူ့ကာကွယ်ရေးတပ် တာဝန်ရှိသူက ပြောပါတယ်။

ရေဦးမြို့နယ်ထဲမှာ စစ်ကောင်စီက စစ်ရေးပြင်ဆင်တာတွေလုပ်နေပြီး လူငယ်တွေကို ပေါ်တာဆွဲတာတွေလည်းရှိတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013