DVB Logo
Home
မြန်မာသတင်း
ဧရာဝတီတိုင်းတွင် ဆန်ကြမ်း ဈေးထပ်တက်သဖြင့် ဒေသခံများအခက်ကြုံ 
DVB
·
August 30, 2024
ဧရာဝတီတိုင်းတွင် ဆန်ကြမ်း ဈေးထပ်တက်သဖြင့် ဒေသခံများအခက်ကြုံ 
Donate to DVB

ဆန်နဲ့စပါးအများဆုံးထွက်ရှိတဲ့ ဧရာဝတီတိုင်းမှာ ဆန်ကြမ်းတအိတ် ၂၅၀၀၀ အထိ ထပ်မံ ဈေးထိုးတက်လာတာကြောင့် အခြေခံလူတန်းစားတွေ အခက်အခဲဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

ဧရာဝတီတိုင်းမှာ ပြီးခဲ့တဲ့ ဇူလိုင်လအတွင်း ဆန်ကြမ်း တအိတ် ၈၀,၀၀၀ ကျော်နဲ့ ဆန်အချော တအိတ်ကို ၁၀၀,၀၀၀ အထိသာ ဈေးရှိခဲ့ပြီး ရက်ပိုင်းအတွင်း ဆန်ဈေးသိသိသာသာ မြင့်တက်လာကာ သြဂုတ် ဒုတိယအပတ်မှ ဒီနေ့အထိ ဆန်ချောတအိတ်ကို ၁၂၀,၀၀၀ နဲ့ ဆန်ကြမ်း တအိတ်ကို ငွေကျပ် ၁၀၈,၀၀၀ အထိ ဈေးမြင့်တက်လာတယ်လို့ သိရပါတယ်။ 

ဘိုကလေးဒေသခံအမျိုးသမီးတယောက်က “အခု ၂၅၀၀၀ အထိလောက်ကို ခုန်တက်သွားတာ။ ဆန်ကြမ်းတအိတ် ၁၀၈,၀၀၀ နဲ့ ဝယ်ရတယ်။ ဒီရက်ပိုင်းအတွင်း ထိုးတက်လာတာ။ အခုရွာဘက်မှာ တချို့ ဆန်ပြုတ်သောက်၊ ဆန်ကွဲစားနေရတယ်။ တချို့က မနက်နဲ့ ညပေါင်းစားနေရတယ်။ အာဏာမသိမ်းခင်က ဆန်ကောင်းတွေကိုပဲ ဝယ်စားခဲ့တာ။ အခုဆန်ကြမ်း ဝယ်စားနိုင်ဖို့တောင် မနည်းလုပ်နေရတယ်။ ဆန်တွေ စပါးတွေ အများဆုံးထွက်တဲ့ ကိုယ့်ဒေသမှာတောင် အဲဒီလိုဖြစ်နေတာ” လို့ ပြောပါတယ်။ 

ဧရာဝတီတိုင်းမှာ အာဏာသိမ်းတဲ့ အကျပ်အတည်းကြောင့် စပါးစိုက်ပျိုးမှု လျော့နည်းလာတာ၊ စိုက်ပျိုးရေးသုံးဆေးဝါးတွေ ဈေးအဆမတန်တက်လာတဲ့အတွက် အပြည့်အဝမသုံးနိုင်တော့တာ စတဲ့ အခက်အခဲတွေကြောင့် စပါးအထွက်လျော့ကျကာ ဆန်ဈေး မြင့်တက်နေရတာလို့ ဆိုပါတယ်။ 

ဒါ့အပြင် ဒေသထွက် ဆန်၊ စပါး အထွက်နည်းနေပေမဲ့ ပြည်တွင်းကနေ ဆန်တွေကို စစ်ကောင်စီက ပြည်ပဈေးကွက်ကို ဇူလိုင်လအတွင်း အများအပြား တင်ပို့ခဲ့တာကြောင့် အခုလို ဆန်ဈေးထိုး တက်လာတာလို့ ဆန်စပါးရောင်းဝယ်ရေးလုပ်ငန်းရှင်တယောက်က ပြောပါတယ်။ 

“ဆန်ဈေး ထပ်တက်လာတယ်ေ အခုရက်ပိုင်းတွေဆိုရင် ပိုတက်လာတယ်။ အရောင်းအဝယ် လုပ်ရတာလည်း အဆင်မပြေတော့ဘူး။ အခုပေါက်နေတဲ့ ဆန်ဈေးက ရောင်းရတာလည်း မကောင်းသလို ဝယ်ရတာလည်း မကောင်းတဲ့အခြေအနေ။ ဧရာဝတီတိုင်းမှာ အခုလို အဖြစ်ဆိုး ကြုံရတာ အာဏာသိမ်းတဲ့ အကျိုးဆက်ပေါ့။” 

အခုလို ဆန်ဈေး စပါးဈေးတွေ အဆမတန်တက်လာတာဟာ ဧရာဝတီတိုင်းမှာ စစ်တပ်အာဏာ သိမ်းပြီးနောက် အမြင့်ဆုံးဈေးဖြစ်ပြီး ဧရာဝတီတိုင်းသားတွေလည်း ဆန်ကြမ်းစားရတာ ပထမဆုံးပဲ လို့ ဆိုပါတယ်။ 

ဧရာဝတီတိုင်းမှာ စစ်တပ်အာဏာမသိမ်းခင်က အကောင်းဆုံး ဆန်ကြမ်း တအိတ် ၄၀,၀၀၀ ကျပ်မှ ၄၅,၀၀၀ အထိ၊ ဆန်ချောတအိတ် ၇၀,၀၀၀ ကျပ်မှ  ၇၅,၀၀၀ အထိသာ ဈေးပေါက်ခဲ့ပြီး စပါးအကြမ်း တင်း ၁၀၀ ကို ကျပ် ၆၀၀,၀၀၀၊ စပါးအချောတင်း ၁၀၀ ကို ကျပ် ၇၈၀,၀၀၀ အထိ ဈေးရှိခဲ့တယ်လို့ ဆန်စပါးရောင်းဝယ်ရေး လုပ်ငန်းရှင်တွေက ပြောပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013