DVB Logo
Home
နိုင်ငံတကာ
ရာသီဥတုပြောင်းလဲမှုအပေါ်  အလေးထားဆောင်ရွက်ရန် ကိုရီးယားတရားရုံးအမိန့်ထုတ် 
DVB
·
August 30, 2024
ရာသီဥတုပြောင်းလဲမှုအပေါ်  အလေးထားဆောင်ရွက်ရန် ကိုရီးယားတရားရုံးအမိန့်ထုတ် 
Donate to DVB

တောင်ကိုရီးယား ထိပ်တန်းတရားရုံးက ရာသီဥတုပြောင်းလဲမှုကို တိုက်ဖျက်ဖို့ နိုင်ငံရဲ့ အစီအမံတွေက နိုင်ငံသားတွေရဲ့ အခွင့်အရေးတွေကို အကာအကွယ်ပေးဖို့ မလုံလောက်ဘူးလို့ ဩဂုတ် ၂၉ ရက်မှာ ဆုံးဖြတ်ခဲ့ပါတယ်။

လာမယ့် ၂၀၃၁ ခုနှစ်နဲ့ နောက်ပိုင်းတွေအတွက် ကာဗွန်လျှော့ချရေးပစ်မှတ်တွေကို အစိုးရက ခိုင်ခိုင်မာမာ သတ်မှတ်ဖို့ကိုလည်း အမိန့်ပေးခဲ့ပါတယ်။

ဒါဟာ အာရှမှာ ပထမဆုံးသော ရာသီဥတုဆိုင်ရာ တရားစီရင်မှုဖြစ်လာပါတယ်။ ၂၀၂၀ ပြည့်နှစ် ကစပြီး ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာတရားရုံးက အစိုးရရဲ့ ဖန်လုံအိမ်ဓာတ်ငွေ့လျှော့ချရေး ပစ်မှတ်နဲ့ အကောင်အထည်ဖော်မှုအစီအစဉ်တွေရဲ့ တစိတ်တပိုင်းအဖြစ် တိုင်ကြားချက်ပေါင်း  ၂၅၀ ကျော်ထဲက တိုင်ကြားချက်အများအပြားကို ပြန်လည်သုံးသပ်နေပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ မညီပဲ အထူးသဖြင့် နောင်လာနောက်သားတွေရဲ့ နိုင်ငံသားအခွင့်အရေးတွေကို အကာအကွယ် ပေးဖို့လည်း အလွန်အားနည်းနေပါတယ်။ 

၂၀၁၀ ပြည့်နှစ်မှာ စတင်ပြဋ္ဌာန်းခဲ့တဲ့ တောင်ကိုရီးယားရဲ့ ကာဗွန်ကြားနေအက်ဥပဒေဟာ ၂၀၃၀ ပြည့်နှစ်မှာ ကာဗွန် ထုတ်လွှတ်မှု အနည်းဆုံး ၃၅ ရာခိုင်နှုန်း လျှော့ချဖို့ ရည်မှန်းချက်ထားဖို့ လိုအပ်ပါတယ်။ 

ဥပဒေအရ အစိုးရက ကာဗွန်ထုတ်လွှတ်မှု ၄၀ ရာခိုင်နှုန်း လျှော့ချဖို့ ရည်မှန်းချက် ချမှတ်ထားပါတယ်။

ရာသီဥတု ဖောက်ပြန်မှုရဲ့ သက်ရောက်မှုကို စီမံခန့်ခွဲဖို့ လုံလောက်မှု မရှိဘူးလို့ ရှေ့နေတွေက စောဒကတက်ခဲ့ပါတယ်။

တရားလိုတွေနဲ့ သူတို့ရဲ့ ရှေ့နေတွေက ဒီစီရင်ချက်ကို “သမိုင်းဝင် ဆုံးဖြတ်ချက်”အဖြစ် ချီးကျူးခဲ့ကြပါတယ်။

Source-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013