DVB Logo
Home
မြန်မာသတင်း
မန္တလေးတိုင်းမှူးအသစ်က တပ်ထောက်ခံသူများကို  စစ်ဘေးမဖြစ်ရန် ဆန္ဒပြခိုင်း
DVB
·
August 29, 2024
မန္တလေးတိုင်းမှူးအသစ်က တပ်ထောက်ခံသူများကို  စစ်ဘေးမဖြစ်ရန် ဆန္ဒပြခိုင်း
1 / 4
Donate to DVB

မန္တလေးတိုင်းမှူးအသစ်က ပြည်သူ့ကာကွယ်ရေးတပ် (PDF) တွေ တိုင်းစစ်ဌာနချုပ်ကို လာတိုက်တာကို မြို့ခံတွေက လက်မခံတဲ့ပုံစံမျိုးဖြစ်အောင် မြို့အနှံ့ကို ဩဂုတ် ၂၉ ရက် ဒီနေ့မနက်မှာ ဆန္ဒပြခိုင်းပါတယ်။

အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိရာ အောင်မြေ သာစံမြို့နယ်မှာ ဒီနေ့မနက် ၉ နာရီက စုရပ်လုပ်ကာ ဆန္ဒပြခိုင်းတာလို့ မြို့ခံတဦးက DVB ကို ပြောပါတယ်။

“အရင်ဆန္ဒပြနေကြ ဘုန်းကြီးတွေပဲ။ နန်းတွင်းက ဗိုလ်ကြီးတွေ၊ ဗိုလ်မှူးတွေလည်း ပါတယ် အရပ်ဝတ်တွေနဲ့။ စစ်တပ်လော်ဘီသတင်းဌာနတွေက ညကတည်းက ရောက်နေတာ။ မြို့ခံတွေပါတယ်ဆိုတာ ကြံ့ခိုင်ရေးက လူတွေပဲပါတာ၊ သာမန်ပြည်သူတော့မပါဘူး။ သူလူနဲ့သူ ဆန္ဒပြသွားတာ။”

ဆန္ဒပြသူတွေဟာ ကုသိုလ်တော်ဘုရား၊ ခြင်္သေ့ကြီးနှစ်ကောင်၊ ၁၂ လမ်း၊ လမ်း ၈၀၊ ဈေးချိုတော်၊ ဘုရားကြီး၊ တံခွန်တိုင်အဝိုင်းမှ အောင်ပင်လယ်ဘိုးဘိုးကြီးနတ်နန်းအထိ လှည့်လည်ဆန္ဒပြခဲ့တယ်လို့ မန္တလေးတိုင်းရဲတပ်ဖွဲ့နဲ့နီးစပ်သူတဦးက DVB ကို ပြောပါတယ်။

“PDF အဖွဲ့က  လာတိုက်ရင် ဘယ်လိုကာကွယ်မယ်၊ လုံခြုံရေးစနစ်တွေ ဘယ်လိုစီမံမလဲဆိုတာ မတွေးဘူး၊ အရင်တိုင်းမှူး ဗိုလ်ချုပ်ကြည်ခိုင် လမ်းစဥ်ပဲလိုက်တာပဲ၊ တခုခုဆို ဆန္ဒပြခိုင်းဖို့ပဲ သိတယ်။” 

ဆန္ဒပြသူတွေဟာ လမ်းတလျှောက် “မန္တလေးမြို့ကြီးတည်ငြိမ်အေးချမ်းရေး ဒို့အရေး၊ တိုင်းရင်းသားညီအစ်ကိုမောင်နှမများ စည်းလုံးညီညွတ်ရေး ဒို့အရေး၊ အကြမ်းဖက်မှု မှန်သမျှ ဆန့်ကျင်ကြ” ဆိုတဲ့ စစ်တပ်ကပေးတဲ့ စာရွက်ထဲကအတိုင်း ကြွေးကြော်ကြပါတယ်။

စစ်သံမှူးဘဝကနေ တိုင်းမှူးဖြစ်လာတဲ့ ဗိုလ်မှူးချုပ်ကျော်ကိုထိုက်ကို သြဂုတ် ၁၆ ရက်က အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် စစ်ခေါင်းဆောင်က ခန်ခဲ့တာပါ။ 

PDF အဖွဲ့တွေရဲ့ ထိုးစစ်ဆင်မှုကြောင့် မန္တလေးတိုင်းအတွင်း ဇွန် ၂၉ ရက်မှ သြဂုတ် ၁၆ ရက်အတွင်း တိုင်းမှူး ဗိုလ်ချုပ်ကြည်ခိုင်၊ ဗိုလ်ချုပ်အောင်ခိုင်ဝင်း၊ ဗိုလ်မှူးချုပ် ကျော်ကိုထိုက် ၃ ဦးအထိ ပြောင်းခဲ့ရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013