DVB Logo
Home
မြန်မာသတင်း
ဝါးတန်းကုန်စည်ဒိုင်မှ ဆန်ကုန်သည် ၁၀ ဦးကို စရဖက ဖမ်းဆီး
DVB
·
August 28, 2024
ဝါးတန်းကုန်စည်ဒိုင်မှ ဆန်ကုန်သည် ၁၀ ဦးကို စရဖက ဖမ်းဆီး
Donate to DVB

ရန်ကုန်မြို့၊ ဝါးတန်းကုန်စည်ဒိုင်မှာ ဆန်အရောင်းအဝယ်လုပ်နေတဲ့ ကုန်သည် ၁၀ ယောက်ကို သြဂုတ် ၂၇ ရက် မနက်မှာ စစ်ဖက်ရေးရာလုံခြုံရေးတပ်ဖွဲ့ (စရဖ)က ဖမ်းဆီးခဲ့တယ်လို့ ဆန်လုပ်ငန်းရှင်တွေဆီက သိရပါတယ်။

ကုန်စည်ဒိုင်ထဲမှာ ဆန်အရောင်းအဝယ်လုပ်နေတဲ့ ဆန်ကုန်သည် ၁၀ ယောက်ကို စရဖအဖွဲ့က ကုန်စည်ဒိုင်အပြင်ဘက်မှာ မနေ့မနက်က ဖမ်းဆီးခဲ့တာလို့ ဆန်ကုန်သည် သတင်းအရင်းမြစ်က DVB ကို ပြောပါတယ်။

“ကုန်စည်ဒိုင်အပြင်ဘက်ရောက်မှ ဖမ်းတာ။ ဖမ်းတဲ့သူတွေက အရပ်ဝတ်တွေနဲ့ ကုန်သည်တွေရော၊ ပွဲစားတွေရော ၁၀ ယောက်တောင် အဖမ်းခံရတယ် ကြားတာက။ အဲ့ဒီကုန်သည်တွေကို စျေးကစားတယ်ဆိုပြီး ဖမ်းတာ။” 

စစ်ကောင်စီက သတ်မှတ်ထားတဲ့ ရည်ညွှန်းစျေးမှာ လက်ကားပြန်လည်ရောင်းချသူတွေအတွက် အရှုံးနဲ့ ရင်ဆိုင်နေရလို့  တအိတ်ကို ကျပ် ၅၀၀၀ တိုးပေးဖို့ ကုန်စည်ဒိုင်နဲ့ ဆန်လုပ်ငန်းရှင်တွေအကြား ညှိနှိုင်းနေတယ်လို့ ဆန်ကုန်သည်နဲ့ နီးစပ်သူက ပြောပါတယ်။

"တချို့ဆန်တွေက အရှုံးခံပြီးရောင်းနေရတော့ တအိတ်ကို ကျပ် ၅၀၀၀ တိုးပေးဖို့ အသင်းချုပ်ကို ပြောပြကြတယ်။ ကျပ် ၅၀၀၀ ဆိုတာ တပြည်ကို ကျပ် ၂၀၀ ကျော်ထပ်တိုးခိုင်းတာ။ စာအုန်းဆီစျေး သောင်းကျော်ဖြစ်နေတာ ပြဿနာမတက်ပေမဲ့ စစ်တပ်က ဆန်လုပ်ငန်းရှင်တွေကိုပဲ ပြဿနာရှာနေတယ်။”

မြန်မာနိင်ငံ ဆန်စပါးအသင်းချုပ်ရဲ့ ရည်ညွှန်းသတ်မှတ်ဈေးကတော့ ဧည့်မထဆန် တအိတ်ကို ကျပ် ၇၂၀၀၀ ကနေ ၇၅၀၀၀ ၊ ရွှေဘိုပေါ်ဆန်း တအိတ်ကို ကျပ်  ၁၃၅၀၀၀ ကနေ ၁၄၅၀၀၀  ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇွန် ၂၀ ရက်တုန်းကလည်း  ဆန်ဈေးမြင့်လို့ ဆန်စပါးအသင်းဥက္ကဋ္ဌ၊ ဆန်စက်ပိုင်ရှင်၊ ဆန်သိုလှောင်သူနဲ့ ပွဲစား အယောက် ၂၀ ကျော်ကို စစ်ကောင်စီကဖမ်းဆီးခဲ့ပြီး ခံဝန်လက်မှတ်ထိုးကာ ပြန်လွှတ်ပေးခဲ့ပါတယ်။

ဆန်စပါးအသင်းချုပ်က ဆန်စပါးဆိုင်ရာ သတင်းအချက်အလက်သိရဖို့ ဆန်သိုလှောင်သူတွေကို  ကုန်ရ၊ ကုန်ထုတ်၊ ကုန်လက်ကျန်စာရင်းတွေကို လစဉ်ပေးပို့ဖို့ ညွှန်ကြားထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013