DVB Logo
Home
နိုင်ငံတကာ
မျောက်ကျောက် (Mpox) ရောဂါ အရည်၊ အမှုန်အမွှားမှတဆင့် ကူးစက်နိုင်ခြေနည်းဟု WHO ပြော 
DVB
·
August 28, 2024
မျောက်ကျောက် (Mpox) ရောဂါ အရည်၊ အမှုန်အမွှားမှတဆင့် ကူးစက်နိုင်ခြေနည်းဟု WHO ပြော 
Donate to DVB

မျောက်ကျောက် (Mpox) ရောဂါဟာ အသက်ရှူလမ်းကြောင်းဆိုင်ရာ အရည်၊ အမှုန်အမွှားတွေမှ တဆင့် ကူးစက်နိုင်ပေမဲ့ ဖြစ်နိုင်ခြေနည်းပါးတဲ့ နည်းလမ်းဖြစ်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)က ဩဂုတ် ၂၇ ရက်မှာ ပြောကြားပါတယ်။

Mpox ဗိုင်းရပ်စ်ရှိသူနဲ့ ရုပ်ပိုင်းဆိုင်ရာအရ ထိတွေ့မှုဟာ အဓိကကူးစက်နိုင်တဲ့ နည်းလမ်း ဖြစ်တယ်လို့ ကုလကျန်းမာရေး အေဂျင်စီရဲ့ ဝက်ဘ်ဆိုက်ဒ်ပေါ်မှာ ရေးသားထား ပါတယ်။

ဒီမျောက်ကျောက်ရောဂါ ကူးစက်မှုပုံစံနဲပတ်သက်ပြီး အလုံးစုံသိရှိနိုင်ဖို့အတွက် သုတေသနတွေ ထပ်လုပ်ဖို့ လိုအပ်နေသေးတယ်လည်း ဆိုပါတယ်။

Mpox ဟာ လိင်ဆက်ဆံတာလိုမျိုး အသားချင်းထိစပ်တာနဲ့ နမ်းရှိုက်တာလိုမျိုး ပါးစပ်ချင်း ထိတွေ့တာ၊ ဒါမှမဟုတ် ပါးစပ်နဲ့ ခန္ဓာကိုယ် အထိအတွေ့ကနေ ဒီရောဂါပိုးကို ကူးစက်နိုင်တယ်လို့ သိရပါတယ်။

ဒီရောဂါပိုးရှိသူနဲ့ မျက်နှာချင်းဆိုင် စကားပြောတာ၊ အသက်ရှူရှိုက်တာနဲ့ နီးနီးကပ်ကပ်ရှိတဲ့ အနေအထားတွေမှာ အမှုန်အမွှားတွေကြောင့် ကူးစက်နိုင်တယ်လို့လည်း ဖော်ပြထားပါတယ်။

ဒါကြောင့် WHO က မျောက်ကျောက်ရောဂါရှိသူ အပါအဝင် နီးစပ်မှုရှိသူတွေနဲ့ ကျန်မားရေးဝန်ထမ်းတွေကိုပါ နှာခေါင်းစည်း ဝတ်ဆင်ကြဖို့အတွက် တိုက်တွန်းထားပါတယ်။

Mpox မျောက်ကျောက်ရောဂါဟာ မတူညီတဲ့မျိုးကွဲ ၂ ခုရှိပြီး အာဖရိကအလယ်ပိုင်းမှာ ကူးစက်နေတဲ့ Clade 1 နဲ့ အနောက်အာဖရိကမှာ ဖြစ်ပွားခဲ့တဲ့ Clade 2 တို့ပဲ ဖြစ်ပါတယ်။ 

Clade 1 ဟာ Clade 2 ထက် ပိုမိုပြင်းထန်တဲ့အပြင် သေဆုံးမှုနှုန်းပါ ပိုမြင့်မားကြောင်း သတိပေးထားပါတယ်။ 

ကွန်ဂိုနိုင်ငံကနေ စတင်ပျံနှံ့လာတဲ့ မျောက်ကျောက်ရောဂါကိုတော့ Clade 1 အမျိုးအစားဖြစ်ကြောင်း အတည်ပြုထားပြီး Clade 1a နဲ့ 1b ရယ်လို့ ထပ်ကွဲပါသေးတယ်။ 

ဒါကြောင့် လာမယ့် စက်တင်ဘာကနေ ဖေဖော်ဝါရီလအထိ Mpox ကူးစက်ပျံနှံ့မှု ထိန်းချုပ်ရေး အစီအမံကို အကောင်အထည်ဖော်ဖို့အတွက် ဒေါ်လာ ၈၇ ဒသမ ၄ သန်း လိုအပ်နေတယ်ဆိုပြီး WHO က ထုတ်ပြန်ခဲ့ပါတယ်။

Source-Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013