DVB Logo
Home
မြန်မာသတင်း
လက်ပံတန်းမြို့နယ်၊ ရေငံရွာနှင့် အုပ်ဖိုစုရွာကို စစ်ကောင်စီတပ် မီးရှို့
DVB
·
August 28, 2024
လက်ပံတန်းမြို့နယ်၊ ရေငံရွာနှင့် အုပ်ဖိုစုရွာကို စစ်ကောင်စီတပ် မီးရှို့
Donate to DVB

ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်၊ ရေငံရွာနဲ့ အုပ်ဖိုစုရွာကို ဩဂုတ် ၂၇ ရက် ည ၁၁ နာရီဝန်းကျင်က စစ်ကောင်စီက မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ရေငံရွာနဲ့ အုပ်ဖိုစုရွာက အိမ်ခြေ ၁၀၀၀ နီးပါးစီရှိတဲ့ ရွာတွေဖြစ်ကြပြီး စစ်ကောင်စီက တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ညနေပိုင်းမှာ တိုက်ပွဲဖြစ်ပွားတာကြောင့် ရွာတွေကို မီးရှို့တာဖြစ်နိုင်ပြီး နေအိမ် ၁၁ လုံးနီးပါး မီးရှို့ခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

"ရေငံနဲ့ အုပ်ဖိုစုရွာကို မီးစရှို့တာ။ ရေငံရွာ တံတားနားက အိမ်တွေကိုစပြီး ရှို့တာပေါ့။ ဟိုရက်က တိုက်ပွဲဖြစ်ပြီး အယောက် ၂၀ သေတော့ အထိနာပြီး ရွာမှာတပ်လာစွဲတာ။ ရေငံရွာဘုရားလည်း လက်နက်ကြီးထိလို့ ညာလက်တဖက်ပြုတ်သွားတယ်" လို့ ဒေသခံတဦးက ပြောပါတယ်။

စစ်ကောင်စီက ရွာတွေကို ဓာတ်ဆီလောင်းမီးရှို့ခဲ့တာကြောင့် ဒေသခံတွေ တိမ်းရှောင်နေရပြီး နေအိမ်တွေက ပစ္စည်းတွေကိုလည်း ကား‌နဲ့ သယ်သွားတယ်လို့ ဒေသခံ နောက်တဦးက ပြောပါတယ်။

"တချို့ကျ တောထဲပြေး၊ တချို့ကျ‌တော့လည်း အမျိုးတွေရှိရာပြေး၊ တချို့က လက်ပံတန်းမြို့ပေါ် ပြေးကြရတယ်။ လက်ပံတန်းမြို့ပေါ်ရောက်တော့လည်း အိမ်ငှားရတော့ အိမ်ရှင်တွေကလည်း ကြောက်တယ်။ ရေငံရွာကလူတွေဆို အိမ်မငှားရဲဘူးပြောကြတယ်။" 

ဒါ့အပြင် စစ်ကောင်စီက ပဲခူးရိုးမအတွင်းက ရွာတွေကို လက်နက်ကြီးတွေ၊ ဒရုန်းတွေ အဆမတန် အသုံးပြုပြီး တိုက်ခိုက်နေတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013