DVB Logo
Home
နိုင်ငံတကာ
ဂါဇာစစ်ပွဲအတွင်း သေဆုံးသူ ပါလက်စတိုင်းဦးရေ ၄၀၄၇၆ ထိ မြင့်တက်
DVB
·
August 28, 2024
ဂါဇာစစ်ပွဲအတွင်း သေဆုံးသူ ပါလက်စတိုင်းဦးရေ ၄၀၄၇၆ ထိ မြင့်တက်
Donate to DVB

ဂါဇာကမ်းမြောင်မှာ အစ္စရေးရဲ့ တိုက်ခိုက်မှုတွေကြောင့် ပါလက်စတိုင်းသေဆုံးသူဦးရေ ၄၀,၄၇၆ ဦးအထိ မြင့်တက်လာခဲ့တယ်လို့ ကျန်းမာရေးအာဏာပိုင်တွေက သတင်းထုတ်ပြန်ပါတယ်။

ပါလက်စတိုင်း-အစ္စရေး ပဋိပက္ခ နောက်ဆုံးအကျော့အဖြစ်  ၂၀၂၃ ခုနှစ် အောက်တိုဘာ ၇ ရက်မှာ စစ်ပွဲစတင် ဖြစ်ပွားပြီးကတည်းက ဂါဇာမှာ ဒဏ်ရာရသူ အရေအတွက်မှာ ၉၃,၆၄၇ ဦးအထိ မြင့်တက်လာခဲ့တယ်လို့ ဆိုပါတယ်။

အစ္စရေးစစ်တပ်ရဲ့ တိုက်ခိုက်မှုတွေကြောင့် လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း အသေအပျောက် ပြင်းထန်ခဲ့ရပြီး လူ ၄၁ ဦး သေဆုံးတယ်၊ ၁၁၃ ဦး ဒဏ်ရာရခဲ့တယ်လို့ ပါလက်စတိုင်း ကျန်းမာရေးအာဏာပိုင်တွေက သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဂါဇာကမ်းမြောင်အလယ်ပိုင်းက ဒီယာအယ်လ်ဘာလာနဲ့ တောင်ပိုင်းက ခန်းယူးနစ်မြို့တို့ကို အဓိကပစ်မှတ်ထားတဲ့ မကြာသေးမီက အစ္စရေးတို့ရဲ့ တိုက်ခိုက်မှုတွေကြောင့် လူ ၂၀ ထက်မနည်း သေဆုံးခဲ့တယ်လို့ ဂါဇာမှာသတင်းယူနေတဲ့ အယ်လ်ဂျားဇီးယားသတင်းထောက်က သတင်းပေးပို့ထားပါတယ်။

ဂါဇာကမ်းမြောင်ရုံးချုပ်က ဝန်ထမ်းတွေ ထွက်ခွာကြဖို့ အတင်းအကျပ် ဖိအားပေးခံရလို့ ဝန်ထမ်းတွေက ဂါဇာကမ်းမြောင်ရုံးချုပ်ကို စွန့်ခွာသွားရတဲ့အတွက် ပိုလီယိုကာကွယ်ဆေးထိုး လုပ်ငန်းတွေကို ရပ်နားထားရတဲ့အတွက် အခြေအနေက ပိုဆိုးစရာ မရှိတော့ဘူးလို့ ကုလသမဂ္ဂ အရာရှိက ပြောပါတယ်။

အစ္စရေးစစ်တပ်နဲ့ လက်ဘနွန်နိုင်ငံအခြေစိုက် ဟစ်ဇ်ဘိုလာတပ်ဖွဲ့တွေ တနင်္ဂနွေနေ့အစောပိုင်းက အစ္စရေး-လက်ဘနွန် နှစ်နိုင်ငံ နယ်စပ်တလျှောက် အပြင်းအထန် အပြန်အလှန်ပစ်ခတ်ခဲ့လို့ အစ္စရေးနိုင်ငံ တဲလ်အဗီမြို့မှာ ဒေသခံပြည်သူတွေကြား စိုးရိမ်ပူပန်မှုတွေ မြင့်တက်လာခဲ့ပါတယ်။ တဲလ်အဗစ်မြို့ခံ မေယာက"ခံစားချက်က သိပ်မကောင်းဘူး။ ငါတို့က အရူးကမ္ဘာမှာနေရတယ်။ ညမှာ ဘာဖြစ်မှာကို ကြောက်တယ်။ မနက် အိပ်ရာထတဲ့အခါ ပထမဆုံးလုပ်ရမှာက ငါ့ဆဲလ်ဖုန်းကို စစ်ကြည့်ဖို့ပဲ။ ညတုန်းက တခုခုဖြစ်ခဲ့တယ်” လို့  ပြောပါတယ်။

ဟစ်ဇ်ဘိုလာတွေက အကြီးအကျယ် တိုက်ခိုက်တဲ့နေ့မှာ အစ္စရေး မြောက်ပိုင်းမှာ လေကြောင်းရန် ကာကွယ်ရေး ဥသြသံတွေ ထွက်ပေါ်လာခဲ့တာပါ။ အစ္စရေး ကာကွယ်ရေးဝန်ကြီး ယိုအတ်ဗ် ဂေါလန့် က ၄၈ နာရီ အရေးပေါ် အခြေအနေ ကြေညာခဲ့ပါတယ်။

Source-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013