DVB Logo
Home
နိုင်ငံတကာ
အစ္စရေး အမိန့်ကြောင့် လူသားချင်းစာနာကူညီမှုလုပ်ငန်း ထိခိုက်ဟု ကုလအရာရှိပြော
DVB
·
August 28, 2024
အစ္စရေး အမိန့်ကြောင့် လူသားချင်းစာနာကူညီမှုလုပ်ငန်း ထိခိုက်ဟု ကုလအရာရှိပြော
Donate to DVB

ဂါဇာကမ်းမြောင်ဒေသက အရပ်သားတွေကို ဘေးလွတ်ရာဆီ ရွှေ့ပြောင်းဖို့ အစ္စရေးက မကြာခဏ အမိန့်ပေးနေတာဟာ ကုလသမဂ္ဂရဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးလုပ်ငန်းတွေကို အပြင်းအထန် ဟန့်တားခဲ့တယ်လို့ ကုလသမဂ္ဂ အရာရှိတွေက ပြောပါတယ်။

အစ္စရေးဟာ ဂါဇာကမ်းမြောင်ဒေသက အရပ်သားတွေကို ပိုသေးငယ်တဲ့ ဧရိယာတွေမှာ အတင်းနေခိုင်းပြီး ဘေးကင်းရာရွှေ့ဖို့ အမိန့်တွေ ဆက်ထုတ်နေတာဟာ လူသားချင်းစာနာမှု အခြေအနေတွေကို ဆိုးဆိုးရွားရွား သက်ရောက်စေတယ်လို့ ဂါဇာကမ်းမြောင်ဒေသက ပါလက်စတိုင်း ဒုက္ခသည်တွေအတွက် ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်နေတဲ့ အေဂျင်စီ (UNRWA) က တာဝန်ရှိသူတွေက ပြောပါတယ်။

တချိန်တည်းမှာပဲ ကုလသမဂ္ဂရဲ့ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ ဆောင်ရွက်ချက်တွေကို အစ္စရေးက  လွန်ခဲ့တဲ့ လတွေအတွင်း တိုးမြှင့်ကန့်သတ်ထားပါတယ်။

ဆက်မလုပ်နိုင်တော့တဲ့ တနေ့ကျရင် ကျန်းမာရေးစောင့်ရှောက်မှု၊ ပညာရေး၊ ရေ၊ သန့်ရှင်းရေးနဲ့ ကာကွယ်ရေးအတွက် တခြားနေရာမရှိတဲ့လူတွေအတွက် ကပ်ဆိုးကြီးတခုဖြစ်လာလိမ့်မယ်လို့ ဂါဇာက UNRWA အတွက် အကြီးတန်း လက်ထောက်ညွှန်ကြားရေးမှူး ဆမ်ရို့စ်က ပြောပါတယ်။

တနင်္ဂနွေနေ့က ထုတ်ပြန်တဲ့ အစ္စရေးရဲ့ ဘေးကင်းရာရွှေ့ပြောင်းမိန့်ဟာ ဒီယာအယ်လ် ဘာလာမြို့က ကုလသမဂ္ဂရဲ့အရေးကြီးတဲ့ ဂါဇာအတွက် ဖြန့်ဖြူးရေးဌာနပါ ပါသွားခဲ့တယ်လို့ ကုလ အရာရှိတဦးက ပြောပါတယ်။

ကုလသမဂ္ဂဟာ ဂါဇာကနေ ထွက်သွားမှာမဟုတ်ဘဲ ဂါဇာက ဒေသခံတွေဆီ ဖြစ်နိုင်သမျှ အကူအညီအများဆုံး ရအောင် ကြိုးစားနေတယ်လို့ ကုလ အရာရှိက ပြောပါတယ်။

တနင်္လာနေ့ထိ ဩဂုတ်လ တလလုံးမှာ အစ္စရေးစစ်တပ်ဟာ ကုလရဲ့ လူသားချင်းစာနာမှု အကူအညီ ဆောင်ရွက်ချက်တွေကို ထစ်ငေါ့စေတဲ့ ရွှေ့ပြောင်းမိန့် ၁၆ ကြိမ် ထုတ်ပြန်ခဲ့တယ်လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရ စတက်ဖနီ ဒူဂျာရစ် က ပြောခဲ့ပါတယ်။

Source-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013