DVB Logo
Home
အားကစား
ကန်စယ်လိုကို ရောင်းရန် မန်စီးတီးနှင့် အယ်ဟီလာ သဘောတူ
DVB
·
August 28, 2024
ကန်စယ်လိုကို ရောင်းရန် မန်စီးတီးနှင့် အယ်ဟီလာ သဘောတူ
Donate to DVB

မန်ချက်စတာစီးတီးအသင်းဟာ နောက်ခံလူ ကန်စယ်လိုကို ပေါင် ၂၁ သန်းနဲ့ ရောင်းချဖို့ ဆော်ဒီကလပ် အယ်ဟီလာအသင်းနဲ့ သဘောတူညီမှုရထားပါတယ်။

ကလပ်အသင်း နှစ်သင်းအကြား သဘောတူညီချက်ရထားပေမဲ့ ကစားသမားရဲ့ သဘောတူညီချက်တော့ မရသေးဘူးလို့ သတင်းတွေက ဖော်ပြပါတယ်။

ကန်စယ်လိုသာ ပြောင်းရွှေ့ဖြစ်ပါက အယ်ဟီလာအသင်းနဲ့ ၃ နှစ် စာချုပ်ချုပ်ဆိုဖွယ်ရှိပါတယ်။ မန်ချက်စတာစီးတီးနည်းပြ ဂွါဒီယိုလာက ကန်စယ်လိုဟာအသင်းမှာ ကစားမယ်လို့ ထုတ်ပြောထားပေမဲ့ ဒီရာသီပရီးမီးယားလိဂ် ၂ ပွဲမှာ ပါဝင်ခွင့်မရတာတွေ့ရပါတယ်။

ဒါ့အပြင် ဘိုင်ယန်မြူးနစ်နဲ့ ဘာစီလိုနာအသင်းတို့ကို အငှားစာချုပ်နဲ့သွားကစားဖို့ကိစ္စကလည်း သဘောတူညီမှုမရတာကြောင့် သူ့ကို ရောင်းချဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။

ကန်စယ်လိုဟာ ၂၀၁၉ ခုနှစ်က မန်ချက်စတာစီးတီးအသင်းကို ညာနောက်ခံလူတွေအနက် စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိသူ ဖြစ်ပါတယ်။

အဲ့ဒီအချိန်က ဂွါဒီယိုလာရဲ့ ပထမကစားသမားအဖြစ် ပွဲထွက်ခွင့်ရခဲ့ပေမဲ့ ၂၀၂၂ ခုနှစ်ကစပြီး ပုံမှန်ပွဲထွက်ခွင့် ပျောက်ဆုံးနေတာ ဖြစ်ပါတယ်။

ကန်စယ်လိုဟာ ပြီးခဲ့တဲ့ ၁၈ လအတွင်း ဘိုင်ယန်မြူးနစ်နဲ့ ဘာစီလိုနာအသင်းတို့ထံ အငှားစာချုပ်နဲ့ သွားကစားခဲ့ရသူ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013