DVB Logo
Home
မြန်မာသတင်း
နောင်ချိုမြို့နယ်၌ တိုက်ပွဲဆက်ဖြစ်နေ  
DVB
·
August 27, 2024
နောင်ချိုမြို့နယ်၌ တိုက်ပွဲဆက်ဖြစ်နေ  
Donate to DVB

ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ်အတွင်း စစ်ကောင်စီက မြန်မာပြည် အလယ်ပိုင်းက တပ်တွေ အင်အားဖြည့် လာတဲ့အတွက် တိုက်ပွဲဆက်လက်ဖြစ်ပွားနေတယ်လို့ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) သတင်းနှင့်ပြန်ကြားရေးဌာနက ပြောပါတယ်။

တအာင်းပြည် တပ်မဟာ ၂ နယ်မြေ နောင်ချိုမြို့နယ် တောင်ခမ်းကျေးရွာ၊ ၆၀၄ တပ်စခန်း၊ မကျီးရေကျေးရွာက ခမရ ၃၅၄ တပ်စခန်း၊ ၉၀၂ တပ်စခန်းတွေကို မြန်မာပြည်အလယ်ပိုင်းက စစ်ကူတွေစေလွှတ်တိုက်ခိုက်နေတာကြောင့် TNLA  နဲ့ စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲ ဆက်ဖြစ်နေတာလို့ TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက DVB ကို ပြောပါတယ်။

“အလယ်ပိုင်းတိုင်းက စစ်ကူဖြည့်နေပါတယ်။ နောင်ချို တောင်ခမ်းမှာတော့ တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေပါတယ်။”

ဒါ့အပြင် ရှမ်းပြည်နယ်တောင်ပိုင်း ရပ်စောက်မြို့နယ် ကျောက်ဂူကနေလည်း နောင်ချိုမြို့နယ်အတွင်းကို စစ်အင်အားပြန်လည်ဖြည့်တင်းဖို့ ကြိုးပမ်းကာ စစ်ကောင်စီတပ်က ထိုးစစ်ဆင်လာတာကြောင့် တိုက်ပွဲ ဖြစ်ပွားနေတယ်လို့လည်းသိရပါတယ်။

TNLA ထိန်းချုပ်ထားတဲ့ သီပေါမြို့မှာတော့ အခုရက်ပိုင်းအတွင်း တိုက်ပွဲမဖြစ်တော့ပေမဲ့ ဒီနေ့မှာ Y-12 လေယာဉ်နဲ့ ဗုံးအလုံး ၅၀ ကျော်လာရောက်ကြဲချခဲ့တဲ့အတွက် ဒေသခံ ၂ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရတယ်လို့ TNLA ကထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီတပ်ဟာ နောင်ချိုနဲ့ သီပေါမြို့တွေမှာ တိုက်ပွဲဖြစ်နေတဲ့နေရာတွေအပြင် တိုက်ပွဲမဖြစ်တဲ့နေရာတွေကိုပါ ဗုံးကြဲတိုက်ခိုက်နေတဲ့အတွက် အရပ်သားပြည်သူတွေ ထိခိုက် သေဆုံးနေပါတယ်။

ဇွန် ၂၅ ရက်က ၁၀၂၇ စစ်ဆင်ရေး အပိုင်း ၂ ပြန်လည်စတင်ပြီး တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA က နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မိုးကုတ်၊ မိုးမိတ် စတဲ့ မြို့နယ်တွေ ထပ်မံသိမ်းပိုက်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013