DVB Logo
Home
မြန်မာသတင်း
အခြေခံပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများအတွက် CDM ဝန်ထမ်းများကို ဖိတ်ခေါ်  ဆောင်ရွက်မည်ဟု TNLA  ပြော
DVB
·
August 27, 2024
အခြေခံပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများအတွက် CDM ဝန်ထမ်းများကို ဖိတ်ခေါ်  ဆောင်ရွက်မည်ဟု TNLA  ပြော
Donate to DVB

ပြည်သူလူထုရဲ့ အခြေခံဝန်ဆောင်မှုဖြစ်တဲ့ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေးနဲ့ လျှပ်စစ်မီးတို့ အမြန်ဆုံး ရရှိရေးအတွက် ဆောင်ရွက်လိုကြောင်းနဲ့ လိုအပ်နေတဲ့ ကျွမ်းကျင်ဝန်ထမ်းတွေကို မြို့နယ်အတွင်းရှိ CDM ဝန်ထမ်းတွေကို ဖိတ်ခေါ်ပြီး အတူတကွ ပူးပေါင်းဆောင်ရွက်နိုင်ရေး ညှိနှိုင်းဆောင်ရွက်သွားမယ်လို့ PSLF/TNLA အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ်တားဘုန်းကျော်က ပြောပါတယ်။

၁၀၂၇ စစ်ဆင်ရေးအပိုင်း ၂ အတွင်း ထပ်မံသိမ်းပိုက်ရရှိခဲ့တဲ့ မြို့တွေဖြစ်တဲ့ ကျောက်မဲ၊ မိုးကုတ်၊ မိုးမိတ်မြို့တွေကို PSLF/TNLA အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ်တားဘုန်းကျော်နဲ့အဖွဲ့ သွားရောက်စဉ် အခုလို ပြောဆိုခဲ့တာပါ။

ဩဂုတ် ၁၅ ရက်မှ ၁၈ ရက်အထိ ကွင်းဆင်းသွားရောက်ခဲ့တဲ့ ခရီးစဉ်အတွင်း သိမ်းပိုက်ရရှိထားတဲ့ တပ်စခန်းနဲ့ အစိုးရဆိုင်ရာဌာနရုံးတွေ၊  အုပ်ချုပ်ရေးရုံးတွေနဲ့ ဆေးရုံ၊ စာသင်ကျောင်းတွေကို သွားရောက်လေ့လာခဲ့သလို  မိုးကုတ်နဲ့  မိုးမိတ်မြိုမှာ လူထုတွေ့ဆုံမှုပါ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

မိုးကုတ် ပြည်သူတွေနဲ့ တွေ့ဆုံမှုမှာလည်း ဗိုလ်ချုပ်တားဘုန်းကျော်က မြို့တွင်း စည်ပင်သာယာရေးနဲ့ ပြည်သူတွေ အေးချမ်းစွာ နေထိုင်နိုင်ရေးတို့ကို ဆောင်ရွက်မှာဖြစ်ကြောင်း၊ တနိုင်တပိုင် အသေးစားကျောက်ရှာဖွေရေးလုပ်ငန်းနဲ့ ရိက္ခာတွေ လွယ်ကူစွာ သယ်ယူနိုင်ရေးတို့ကိုလည်း အဆင်ပြေချောမွေ့စေရန် ကြိုးပမ်း ဆောင်ရွက်သွားမယ်လို့ ပြောဆိုခဲ့တဲ့ကြောင်း TNLA က ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် လာမယ့်  ၂၀၂၅ ခုနှစ်မှာ  ကြားကာလ တော်လှန်ရေးအစိုးရ၊ PSLF/TNLA နဲ့ အရပ်သားတွေ ပူးပေါင်းပြီး အုပ်ချုပ်ရေးလုပ်ငန်း ပူးတွဲစီမံအုပ်ချုပ်တဲ့ အစိုးရ ပေါ်ပေါက်နိုင်ရေး ကြိုးပမ်းသွားမှာဖြစ်တဲ့အကြောင်းလည်း  ဗိုလ်ချုပ်တားဘုန်းကျော်က ပြော ပါတယ်။

TNLA အနေနဲ့ ၂၀၂၃ အောက်တိုဘာ ၂၇ ရက်က အစပြုခဲ့တဲ့  ၁၀၂၇ စစ်ဆင်ရေးပထမပိုင်းမှာ  နမ့်ဆန်၊ နမ့်ခမ်း၊ နမ္မတူ၊ မိုင်းလုံ၊ မိုင်းငေါ့၊ ကွတ်ခိုင်၊ မန်တုံမြို့တွေကို သိမ်းပိုက်ထားပြီး အခုနှစ် ဇွန် ၂၅ ရက်မှာ ပြန်လည်စတင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေး အပိုင်း ( ၂ ) မှာ‌တော့  နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မိုးကုတ်၊ မိုးမိတ် စတဲ့ မြို့နယ်တွေကို ထပ်မံသိမ်းပိုက်နိုင်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013