DVB Logo
Home
မြန်မာသတင်း
စစ်တပ် ပစ်ခတ်မှုကြောင့် မြန်မာသတင်းသမား၂ ဦး သေဆုံးမှု RSF ထိတ်လန့်တုန်လှုပ်
DVB
·
August 27, 2024
စစ်တပ် ပစ်ခတ်မှုကြောင့် မြန်မာသတင်းသမား၂ ဦး သေဆုံးမှု RSF ထိတ်လန့်တုန်လှုပ်
Donate to DVB

စစ်ကောင်စီတပ်တွေ ပစ်ခတ်မှုကြောင့် DVB CJ သတင်းထောက် ကိုဝင်းထွဋ်ဦး နဲ့ အလွတ်တန်း သတင်းထောက် ကိုထက်မြက်သူတို့  သေဆုံးခဲ့ရတဲ့အပေါ် ထိတ်လန့်တုန်လှုပ်မိတဲ့အကြောင်း ပြင်သစ်အခြေစိုက် နယ်စည်းမခြားသတင်းထောက်များအဖွဲ့ (RSF) က ထုတ်ပြန်ပါတယ်။

ကျိုက်ထိုမြို့နယ်၊ လက်ပြကျေးရွာ၊ ဓမ္မဒူတဘုန်းကြီးကျောင်းအနီးမှာ ဩဂုတ် ၂၁ ရက် မနက် ၉ နာရီဝန်းကျင်က အလွတ်တန်းသတင်းထောက် ကိုထက်မြက်သူရဲ့ နေအိမ်ကို စစ်ကောင်စီတပ်က အင်အား ၃၀ ကျော်နဲ့ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တာပါ။

ဒီပစ်ခတ်ခံရမှုကြောင့် ဒေသအခြေစိုက် DVB CJ သတင်းထောက် ကိုဝင်းထွဋ်ဦး(ခ)ဖိုင်ဇယ်၊ အိမ်ပိုင်ရှင်ဖြစ်သူ သတင်းထောက် ကိုထက်မြက်သူနဲ့ နေအိမ်ကို ရောက်ရှိနေတဲ့ ဒေသခံတော်လှန်ရေးတပ်ဖွဲ့ဝင် ၂ ယောက် စုစုပေါင်း ၄ ယောက် သေဆုံးခဲ့တာ ဖြစ်ပါတယ်။

RSF အဖွဲ့ရဲ့ အာရှ-ပစိဖိတ်ဗျူရို ဒါရိုက်တာ ဆက်ဒရစ် အယ်လ်ဗီရာနီက “ဒါဟာ မြန်မာစစ်အုပ်စုရဲ့ နောက်ထပ် ထိတ်လန့်ဖွယ်ရာ လုပ်ကြံသတ်ဖြတ်မှုပါ။ စစ်အာဏာ သိမ်းပြီးကတည်းက သူတို့ဟာ ပဋိပက္ခတွေကြားမှာ သတ္တိရှိရှိ သတင်းပေးပို့နေခဲ့ကြတဲ့ ပြည်တွင်းက သတင်းသမားတွေကို  ရက်စက်ကြမ်းကြုတ်စွာ အကြမ်းဖက် ဖိနှိပ်မှုတွေ လုပ်ဆောင်နေခဲ့ကြတာ ဖြစ်ပါတယ်။ သတင်းထောက်တွေအပေါ် အကြမ်းဖက် လုပ်ဆောင်မှုတွေ ရပ်တန့်ဖို့နဲ့ နိုင်ငံတွင်း ထိန်းသိမ်းခံနေရတဲ့ သတင်းထောက် ၆၂ ဦးကို ပြန်လွှတ်ပေးဖို့ ဖိအားတွေ တိုးမြှင့်ပေးဖို့ နိုင်ငံတကာ အသိုင်းအဝိုင်းကို ထပ်မံပြီးတော့ တောင်းဆိုလိုက်ပါတယ်” လို့ ပြောပါတယ်။

သေဆုံးသွားတဲ့ DVB သတင်းထောက် ကိုဝင်းထွဋ်ဦးနဲ့ ကိုထက်မြတ်သူတို့ရဲ့ အလောင်းတွေကို မိသားစုထံ ပြန်မပေးဘဲ မီးသင်္ဂြိုဟ်လိုက်တယ်လို့လည်း မိသားစုနဲ့ နီးစပ်သူက ပြောပါတယ်။

စစ်တပ်ဝါဒဖြန့် တယ်လီဂရန် ချန်နယ်တွေမှာတော့ တော်လှန်ရေးတပ်ဖွဲ့ဝင် လူငယ် ၄ ယောက်ကို ပစ်သတ်လိုက်တယ်လို့ ရေးသားဖော်ပြခဲ့ပါတယ်။

မျက်မြင်တွေရဲ့ ပြောပြချက်အရ ကိုထက်မြက်သူ နေအိမ်ကို စစ်တပ်က ဝင်စီးချိန်မှာ နေအိမ်အတွင်းကနေ ခုခံပစ်ခတ်တာမျိုး မရှိသလို ကိုထက်မြက် နေအိမ်ကို ရောက်ရှိနေတဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင် ၂ ယောက်ဟာလည်း မြို့ပေါ် လာရောက်လည်ပတ်တာမျိုး ဖြစ်ပုံရပြီး ယူနီဖောင်းဝတ်ထားတာ၊ လက်နက်တွေ ကိုင်ဆောင်လာတာမျိုး မတွေ့ရဘူးလို့ သိရပါတယ်။

RSF အဖွဲ့က ထုတ်ပြန်တဲ့ ၂၀၂၄ ခုနှစ် ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့် အညွှန်းကိန်းမှာ မြန်မာနိုင်ငံဟာ နိုင်ငံပေါင်း ၁၈၀ မှာ အဆင့် ၁၇၁ နေရာမှာရှိနေပြီး တရုတ်နိုင်ငံ ပြီးရင် ဒုတိယမြောက် သတင်းသမားတွေကို မတရားဖမ်းဆီးထောင်ချမှု အများဆုံးနိုင်ငံဖြစ်ပြီး လတ်တလောအချိန်ထိ သတင်းသမား ၆၂ ဦး အကျဉ်းကျခံနေကြရတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်တွေရဲ့ အကြမ်းဖက် သတ်ဖြတ်မှုကြောင့် အသက်သေဆုံးခဲ့ရတဲ့ သတင်းသမား ၇ ယောက်အထိ ရှိသွားပြီ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013