DVB Logo
Home
မြန်မာသတင်း
လင်းခေးတွင် ရေကြီး၊ အိမ်ခြေ ၁၀၀၀ ကျော်နှင့် လယ်ယာစိုက်ခင်းဧက ၃၀၀၀ ကျော်နစ်မြုပ် 
DVB
·
August 27, 2024
လင်းခေးတွင် ရေကြီး၊ အိမ်ခြေ ၁၀၀၀ ကျော်နှင့် လယ်ယာစိုက်ခင်းဧက ၃၀၀၀ ကျော်နစ်မြုပ် 
1 / 3
Donate to DVB

ရှမ်းပြည်တောင်ပိုင်း လင်းခေးမြို့နယ်ထဲမှာ ဒီကနေ့ ဩဂုတ် ၂၇ ရက်က  နမ့်တိန်းချောင်းရေ တက်ပြီး လူနေအိမ်ခြေ ရပ်ရွာတွေထဲ လျှံကျတဲ့အတွက်  ရေကြီးနေပါတယ်။ 

အထူးသဖြင့် နမ့်တိန်းချောင်းအနီးတဝိုက် ဈေးတန်းရပ်ကွက်၊ အရှေ့ရွာမကြီးရပ်ကွက်မှာ ရေတွေ ၂ ပေကျော် ၃ ပေခန့်တက်နေပြီး နမ့်တိန်းတောင်ဘက် မတ်ပင်း၊ မိုင့်အုမ်လောဝ်း၊ ခုမ်အုတ်၊ နားကုန်း စတဲ့ကျေးရွာတွေနဲ့ နမ့်တိန်းအရှေ့ဘက် နမ့်အုမ၊ ဝမ်တာ၊ ကူးကမ်၊ ပန်ဆနောင်း ရွာတွေထဲလည်း ရေတွေ ဝင်နေတယ်၊ ခန့်မှန်းခြေ အိမ်ခြေ ၁၀၀၀ ကျော်မယ်လို့  လင်းခေး ဒေသခံတဦးက DVB ကို ပြောပါတယ်။ 

“ရေစတက်တာကတော့ ၂၅ ရက်ညကတည်းကပါ။ မနေ့ကတည်းက ရေပြန်မကျတဲ့အပြင် ထပ်ပြီးတက်လာသေးတယ်။ ကျနော်တို့ဆီမှာ ရေကြီးတာက မိုးရွာတာ တခုတည်းတော့ မဟုတ်ဘူး။  မိုင်းကိုင်၊ လဲချား၊  နမ့်စန်၊ ကျိုင်းတောင်း စတဲ့ဘက်ကနေ စီးဆင်းလာတဲ့ နမ့်တိန်း ချောင်းအထက်ဘက်ကရေတွေ  စုပြုံစီးဆင်းလာတာပါ။”

နားကုန်းကျောင်းတိုက်ဆိုရင် ကျောင်းအောက်ထပ်ထိ ရေတွေဝင်နေလို့ သံဃာတွေ လှေနဲ့ သွားလာနေရတယ်၊ နမ့်တိန်းချောင်းရေဟာ လင်းခေး-မိုင်းပန်သွား ကားလမ်းမကြီးပေါ်လည်း လျှံကျတာကြောင့် ကားနဲ့ဆိုင်ကယ်တွေ သွားလာလို့ မရတော့ဘူး၊ လယ်ယာစိုက်ခင်းတွေထဲလည်း ရေဝင်နေတယ်၊ ခန့်မှန်းခြေဧကပေါင်း ၃,၀၀၀ မှ ၄,၀၀၀ ထိ ရှိနိုင်တယ်လို့ ဒေသခံက ပြောပါတယ်။ 

သက်ဆိုင်ရာ တာဝန်ရှိသူနဲ့ ကယ်ဆယ်ရေးအဖွဲ့တွေက ရေကြီးတဲ့နေရာက ပစ္စည်းတွေ အမြင့်ပိုင်းကို ကူညီရွှေ့ပြောင်းပေးနေသလို ကျိုင်းတောင်းရေအားလျှပ်စစ်ဘက်က ရေတွေ လွှတ်မယ်ဆိုရင် ကြိုတင်အကြောင်းကြားဖို့ ပြောထားတယ်လို့ ဆိုပါတယ်။ 

လင်းခေးမှာ လွန်ခဲ့တဲ့ ၂၀၀၄ ခုနှစ်ကလည်း  ရေကြီးမှုဒဏ် ဆိုးရွားစွာခံခဲ့ရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013