DVB Logo
Home
မြန်မာသတင်း
မရမ်းကုန်းနှင့် မှော်ဘီရှိ စစ်ကောင်စီတပ် ဂိတ်များ တိုက်ခိုက်ခံရ
DVB
·
August 27, 2024
မရမ်းကုန်းနှင့် မှော်ဘီရှိ စစ်ကောင်စီတပ် ဂိတ်များ တိုက်ခိုက်ခံရ
Donate to DVB

ရန်ကုန်၊ မရမ်းကုန်းမြို့နယ်၊ သံသုမာလမ်းနဲ့ ဂန္ဓမာလမ်းထောင့်ရှိ စစ်ကောင်စီ ခြေမြန်တပ်ရင်း ခမရ ၄၃၅ နဲ့ ခမရ ၄၃၆ တပ်တွေရဲ့ အဝင်လုံခြုံရေးဂိတ်ကို ဩဂုတ် ၂၆ ရက်၊ ည ၇ နာရီ ၁၀ မိနစ်လောက်ကဖောက်ခွဲ တိုက်ခိုက်ခဲ့တယ်လို့ Operation Flame (OF )အဖွဲ့က ပြောပါတယ်။ 

ဒီတိုက်ခိုက်မှုကို အဝေးထိန်းမိုင်း ၂ လုံး အသုံးပြုဖောက်ခွဲခဲ့တာဖြစ်ပြီး မြေပြင်သတင်းအရ စစ်ကောင်စီအဖွဲ့ဝင်တွေ ထိခိုက်မှုတချို့ရှိတယ်လို့ သိရပါတယ်။ 

OF သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက “ အသုံးပြုတာ အဝေးထိန်း ၂လုံးအသုံးပြုခဲ့ပါတယ်။ ၂လုံးစလုံး အဝင်မိန်းဂိတ်ကိုချတာပါ။ ၁လုံးက ခေါ်တာ။ ၁လုံးက သူတို့ ပေါက်ကွဲမှုဖြစ်တဲ့နေရာကို ဝန်းထဲကလာအကြည့်ကို ခွဲတာပါ”

ဖောက်ခွဲတိုက်ခိုက်ခဲ့တဲ့ တော်လှန်ရေးအဖွဲ့သားတွေ ဘေးကင်းရာကို ရောက်ရှိနေပြီဖြစ်ပြီး Operation Flame (OF)အနေနဲ့ ရန်ကုန်မြို့ပြတော်လှန်ရေး မဟာမိတ်များအားလုံးနဲ့အတူ စစ်ကောင်စီတပ်ကို အရှိန်မြှင့်တိုက်ခိုက် ချေမှုန်းသွားမယ်လို့ အသိပေးထားပါတယ်။ 

ခမရ ၄၃၅ နဲ့ ၄၃၆ တပ်တွေဟာ မြောက်ဥက္ကလာ၊ မြောက်ဒဂုံ၊ မရမ်းကုန်း၊ တောင်ဥက္ကလာ စတဲ့ မြို့နယ် ၄ ခုနဲ့ ထိစပ်နေသလို ငမိုးရိပ်ချောင်းဘေးက ပူးတွဲအခြေစိုက်ထားတဲ့ တပ်ရင်းတွေ ဖြစ်ပါတယ်။ 

ဒီတပ်တွေဟာ ၂၀၂၁ မတ်လ ၃ ရက်နေ့က မြောက်ဥက္ကလာ၊ နွယ်နီသပိတ်နဲ့ အဝိုင်းကြီးသပိတ်တွေမှာ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်နေတဲ့ လူအုပ်ကြီးကို ကျည်အစစ်သုံးပြီး ဖြိုခွဲခဲ့လို့ အရပ်သား ၁၀ ဦးကျော် သေဆုံးစေခဲ့တဲ့ စစ်ကောင်စီတပ်ရင်းတွေလည်း ဖြစ်ပါတယ်။

ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်၊ ပြည်လမ်းမပေါ်မှာရှိတဲ့ တပ်မတော်အုပ်ချုပ်မှုသင်တန်းကျောင်း ကင်းဂိတ်ကိုလည်း  ဩဂုတ် ၂၄ ရက်၊ ည ၇နာရီခွဲဝန်းကျင်က Yangon Army (YA)နဲ့ အနောက်ပိုင်းခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ ပူးပေါင်းပြီး တိုက်ခိုက်ခဲ့ပါတယ်။

တပ်မတော်အုပ်ချုပ်မှုသင်တန်းကျောင်းကင်းဂိတ်ကို ပြင်းအားမြင့်လက်ပစ်ဗုံးနဲ့ တိုက်ခိုက်ခဲ့တာ ဖြစ်ပြီး စစ်ကောင်စီဘက်က ထိခိုက်မှုကိုတော့ စုံစမ်းနေဆဲဖြစ်တာကြောင့် အတည်ပြုလို့ မရသေးဘူးလို့ Yangon Army ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

"တိုက်ခိုက်မှုကတော့ ဂိတ်ထဲကို ကျအောင်ပစ်ခတ်နိုင်ခဲ့ပါတယ်။ စစ်ကောင်စီဘက်ကတော့ ထိတယ်။ ဘယ်နှယောက်ထိလဲပဲ မသိရသေးတာ။ ဂိတ်အပြင်မှာနဲ့ ဂိတ်ထဲမှာ ကျနော်တို့မစ်ရှင်မလုပ်ခင်မြင်တာတော့ ၄ယောက်ရှိနေတယ်။”

ပစ်ခတ်မှုအပြီး စစ်ကောင်စီဘက်က ပြန်လည်ပစ်ခတ်ခဲ့ပေမဲ့ တော်လှန်ရေး တပ်ဖွဲ့တွေဘက်က အထိအခိုက်မရှိဘူးလို့ သိရပါတယ်။

ဒါ့အပြင်  စစ်ကောင်စီက ရပ်ကွက်အတွင်းမှာ ပြည်သူ့လုံခြုံရေးခေါင်းစဉ်တပ်ပြီး ပြည်သူတွေကို လက်နက်ကိုင်ဖို့ အတင်းအဓမ္မ လုပ်ဆောင်နေတဲ့အတွက်ကြောင့် စစ်ကောင်စီနဲ့ ပတ်သတ်သူအားလုံးကို ထပ်ပြီးတိုက်ခိုက်မှာဖြစ်လို့ ပြည်သူတွေအနေနဲ့ စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ အဝေးမှာနေဖို့ သတိပေးထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013