DVB Logo
Home
မြန်မာသတင်း
အော်စတင်မြို့  “သတ္တိနဲ့ ပွင့်လန်းချစ်သောပန်းများ” ရုပ်ရှင်ပြပွဲမှ ရန်ပုံငွေဒေါ်လာ ၁၅၀၀၀ ကျော်ရ
DVB
·
August 27, 2024
အော်စတင်မြို့  “သတ္တိနဲ့ ပွင့်လန်းချစ်သောပန်းများ” ရုပ်ရှင်ပြပွဲမှ ရန်ပုံငွေဒေါ်လာ ၁၅၀၀၀ ကျော်ရ
1 / 3
Donate to DVB

အမေရိကန်ပြည်ထောင်စု၊ တက္ကဆက်ပြည်နယ်၊ အော်စတင်မြို့မှာ ဒေသစံတော်ချိန် ဩဂုတ် ၂၄ ရက်က ပြုလုပ်ခဲ့တဲ့ “သတ္တိနဲ့ပွင့်လန်းချစ်သောပန်းများ” ရုပ်ရှင်ပြပွဲကနေ တော်လှန်ရေးအတွက် ရန်ပုံငွေဒေါ်လာ ၁၅၀၀၀ ကျော် ရရှိခဲ့ပါတယ်။

ရုပ်ရှင်ပြပွဲကို Austin Myanmar Community က ဦးဆောင်ပြုလုပ်ခဲ့တာဖြစ်ပြီး ရရှိလာတဲ့ ရန်ပုံငွေတွေကို မြန်မာနိုင်ငံအတွင်း လိုအပ်နေသူတွေကို ကူညီထောက်ပံ့ပေးသွားမှာ ဖြစ်ပါတယ်။

Artists' Shelter အဖွဲ့က စီစဉ်တင်ဆက်တဲ့ သတ္တိနဲ့ပွင့်လန်းချစ်သောပန်းများ ရုပ်ရှင်ဇာတ်လမ်းတို ပြပွဲတွေမှာ Together ၊ ငါတို့မှာ ငါတို့ ပဲရှိတယ်၊ The Unknown Infinity ၊ Guilt စတဲ့ ရုပ်ရှင်ဇာတ်လမ်းတို ၄ ခုကိုပြသခဲ့တာပါ။ 

ရုပ်ရှင်ပြပွဲကို အမေရိကန်ပြည်ထောင်စု မြို့ပေါင်း ၂၀ ကျော်မှာ ပြသခဲ့ပြီး ရရှိတဲ့ ရန်ပုံငွေတွေကို တော်လှန်ရေးမှာ လိုအပ်တဲ့ နေရာတွေကို ဆက်တိုက်ပေးပို့လှူဒါန်းနေတယ်လို့ Artists' Shelter အဖွဲ့က ပြောပါတယ်။

သတ္တိနဲ့ပွင့်လန်းချစ်သောပန်းများ Acoustic Music Concert ကို အွန်လိုင်းက တဆင့်ပြုလုပ်ခဲ့ပြီးနောက်မှာ တော်လှန်ရေးရန်ပုံငွေ ပိုမိုရရှိရေးအတွက် ရုပ်ရှင်ဇာတ်လမ်းတိုတွေကို နိုင်ငံတကာမှာပြသပြီး ရန်ပုံငွေရရှိဖို့ ပြည်ပရောက် အနုပညာရှင်တွေ စုစည်းထားတဲ့ Artists' Shelter က ကြိုးစားနေတာဖြစ်ပါတယ်။

ရုပ်ရှင်ပြပွဲတခုချင်းစီကနေ အမေရိကန်ဒေါ်လာ သောင်းချီတဲ့ ရန်ပုံငွေတွေ ရရှိခဲ့ပြီး မြို့ပေါင်း ၂၀ မှာ ပြသခဲ့တာကြောင့် ဒေါ်လာသိန်းချီတဲ့ ရန်ပုံငွေတွေကို ရှာဖွေနိုင်ခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013