DVB Logo
Home
မြန်မာသတင်း
မြန်မာသရုပ်ဆောင်အလှမယ်တယောက်၏ ဖြစ်ရပ်မှန် ရုပ်ရှင်ကား ဆစ်ဒနီမြို့၌ Press Show ပြသ
မင်းညို
·
June 22, 2026
မြန်မာသရုပ်ဆောင်အလှမယ်တယောက်၏ ဖြစ်ရပ်မှန် ရုပ်ရှင်ကား ဆစ်ဒနီမြို့၌ Press Show ပြသ
1 / 6
Donate to DVB

မြန်မာနိုင်ငံက သရုပ်ဆောင်၊ အလှမယ်တယောက်ရဲ့ စစ်ပြေးဒုက္ခသည်ဘဝကို အခြေခံပြီး ရိုက်ကူးထားတဲ့ ရုပ်ရှင်ကားကြီးတကားကို ဩစတြေးလျနိုင်ငံ၊ ဆစ်ဒနီမြို့၊ Ryan Brown Theatre & Function Centre ရုပ်ရှင်ရုံမှာ ဇွန် ၂၁ ရက်က ပထမဆုံးအကြိမ်အဖြစ် Press Show ပြသခဲ့ပါတယ်။

ဒီဇာတ်လမ်းကို စာရေးဆရာ ခက်ဇော်က “မယိုင်လဲတမ်း” ဆိုပြီး ဝတ္ထုရေးသားခဲ့တာဖြစ်ပြီး၊ သည်ခေတ်နေက ရိုက်ကူးခဲ့တာဖြစ်ကာ လိုအပ်တဲ့ နေရာတွေကို လှူဒါန်းဖို့အတွက် ရည်ရွယ်ကြောင်း ပြောပါတယ်။

ဒါရိုက်တာ သည်ခေတ်နေက “ဒီဇာတ်လမ်းက Ray ဆိုတဲ့ လူတယောက်ရဲ့ အကြောင်းကို ရိုက်ကူးထားတယ်ဆိုပေမဲ့ တကယ်က နွေဦးတော်လှန်ရေးမှာပါခဲ့တဲ့ မြန်မာပြည်သူတွေရဲ့ အကြောင်းလည်း ပါဝင်ပါတယ်။ ဘဝတွေ ပါဝင်ပါတယ်၊ ခေတ်တခုရဲ့ အကြောင်း ပါဝင်ပါတယ်။ Ray ဆိုတာက မျှော်လင့်ချက် အလင်းရောင်တန်းလေးပေါ့။ အဲဒါက အခု ကျနော်တို့ခေတ်မှာ ပိုပြီးတော့ မြင်သာနေပြီ၊ မြင်နေရပြီ။ ကျနော်တို့ ထပ်ပြီး ကြိုးစားကြပါ၊ ကြိုးစားကြမယ်ဆိုတဲ့ အရာကို ပြတာပါ။ ဒီကရလာမဲ့ ငွေတွေကိုလည်း အရင်တုန်းက လုပ်နေ လှူနေသလိုမျိုး ကျနော်တို့ နိုင်ငံရဲ့ လိုအပ်တဲ့ နေရာတွေမှာ ပေးပို့လှူဒါန်းသွားမှာ ဖြစ်တဲ့အတွက် တကမ္ဘာလုံး ပြသလို့ရတဲ့ နေရာတွေအထိ ပြသသွားနိုင်ဖို့အထိ ကြိုးစားနေပါတယ်” လို့ DVB ကို ရှင်းပြပါတယ်။

ဒီဇာတ်လမ်းက သရုပ်ဆောင် အလှမယ် ထားထက်ထက်ရဲ့ အကြောင်းကို ရိုက်ကူးထားတာ ဖြစ်ပြီး၊ သူကိုယ်တိုင် သရုပ်ဆောင်ထားကာ မင်းမော်ကွန်း၊ ဒေါင်းနဲ့ ဩစတြေးလျနိုင်ငံရောက် မြန်မာတွေလည်း ဝင်ရောက်သရုပ်ဆောင်ထားကြပါတယ်။

ဒီရုပ်ရှင်က ပြသချိန် ၂ နာရီကြာမြင့်ပြီး၊ ဩစတြေးလျနိုင်ငံမှာတော့ ဆစ်ဒနီ၊ မဲလ်ဘုန်း၊ ပါ့သ် မြို့တွေမှာ စတင်ပြသသွားမှာ ဖြစ်သလို နောက်ထပ် ဂျပန်၊ ယူကေ၊ ကနေဒါ နိုင်ငံတွေမှာလည်း ပြသဖို့ စီစဉ်နေပါတယ်။

ပြသမဲ့ပုံစံက လက်မှတ်ရောင်းပြီး ရုပ်ရှင်ရုံတွေမှာ ပြသသွားမှာ ဖြစ်ပြီး၊ ရုပ်ရှင်ရဲ့ အဓိက အစိတ်အပိုင်းအများစုကို ဩစတြေးလျနိုင်ငံမှာ ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။

ဒီ Press Show ပွဲကို ဩစတြေးလျနိုင်ငံ အခြေစိုက် သတင်းဌာနတွေက တက်ရောက်ခဲ့ကြပြီး၊ အဲဒီရုပ်ရှင်ကားကြီးကို လာမဲ့ ဇွန် ၂၇ ရက်နေ့ ဩစတြေးလျနိုင်ငံ၊ ဆစ်ဒနီမြို့က Palace Cinemas Moore Park မှာ ရုံတင်ပြသသွားမှာ ဖြစ်ပါတယ်။

၂၈ ရက်နေ့မှာတော့ မဲလ်ဘုန်းမြို့တွေမှာ ပြသသွားမှာ ဖြစ်ပြီး ကြိုတင်လက်မှတ်တွေကိုတော့ အွန်လိုင်းကနေ စတင်ရောင်းချနေပြီလို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013