DVB Logo
Home
မြန်မာသတင်း
CDM ကျန်းမာရေးဝန်ထမ်းများကို တအာင်းပြည်ကျန်းမာရေးကောင်စီ ဖိတ်ခေါ် 
DVB
·
August 26, 2024
CDM ကျန်းမာရေးဝန်ထမ်းများကို တအာင်းပြည်ကျန်းမာရေးကောင်စီ ဖိတ်ခေါ် 
Donate to DVB

တအာင်းဒေသမှာ တာဝန်ယူ အုပ်ချုပ်နေတဲ့ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေ လုပ်ဆောင်နိုင်ဖို့ CDM ကျန်းမာရေးဝန်ထမ်းတွေ၊ ကျန်းမာရေးပညာရှင်တွေအားလုံး လာရောက်ပူးပေါင်းပေးကြဖို့ တအာင်းပြည်ကျန်းမာရေးကောင်စီ - THC က ဩဂုတ် ၂၅ ရက်မှာ  ထုတ်ပြန် ဖိတ်ခေါ်လိုက်ပါတယ်။

THC ကို ဖွဲ့စည်းလိုက်တယ်လို့ ကြေညာရင်း CDM ကျန်းမာရေးဝန်ထမ်းတွေ၊ ပြင်ပ ကျန်းမာရေး ပညာရှင်တွေ၊ သူနာပြုနဲ့ သားဖွားဆရာမတွေ၊ ဓာတ်ခွဲဓာတ်မှန်ပညာရှင်တွေ စတဲ့ ကျန်းမာရေး ပညာရှင် အားလုံးကို လာရောက်လက်တွဲ ပူးပေါင်းဆောင်ရွက်ပေးကြဖို့ ဖိတ်ခေါ်လိုက်တာပါ။

ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA ဟာ တအာင်းပြည်ကို ရောက်ရှိပြီး တော်လှန်ရေး တာဝန်အသီးသီးမှာ ပါဝင်ထမ်းဆောင်နေတဲ့ Medical Family Mandalay - MFM က ကျန်းမာရေးမိသားစုဝင်တွေ၊ CDM ကျန်းမာရေးပညာရှင်တွေ၊ ဒေသခံကျန်းမာရေးပညာရှင်တွေကို ဖိတ်ကြားပြီး ဩဂုတ် ၂၀ ရက်နေ့က PSLF/TNLA ဗဟိုဌာနချုပ်ရုံးမှာ ကျန်းမာရေးဆိုင်ရာ စုံညီအစည်းအဝေးကို ကျင်းပခဲ့ပါတယ်။

အစည်းအဝေးမှာ TNLA က တာဝန်ယူအုပ်ချုပ်နေတဲ့ မြို့နယ်အသီးသီးက ပြည်သူလူထုကို ကျန်းမာရေး စောင့်ရှောက်မှုပေးနိုင်ဖို့ ဆွေးနွေးတိုင်ပင်ညှိနှိုင်းခဲ့ကြပြီး လုပ်ငန်းတွေ အကောင်အထည်ဖော်ဖို့အတွက် တအာင်းပြည်ကျန်းမာရေးကောင်စီ Ta'angland Health Council – THC ကို ကောင်စီဝင် ၁၅ ယောက်နဲ့ ဖွဲ့စည်းလိုက်တယ်လို့ ဆိုပါတယ်။

ကောင်စီရဲ့ ကျန်းမာရေးရည်မှန်းချက်နဲ့ ရည်ရွယ်ချက်တွေကို အကောင်အထည်ဖော် ဆောင်ရွက်သွားနိုင်ဖို့အတွက် တအာင်းပြည်ကျန်းမာရေးဌာန၊ ပြည်သူ့ကျန်းမာရေးဌာန၊ ကုသရေးဌာန၊ ကျန်းမာရေးဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးဌာန၊ ကျန်းမာရေးညွှန်းကိန်းနဲ့ စီမံကိန်းရေးဆွဲရေးဌာန၊ မြို့နယ်ကျန်းမာရေးဌာနတွေ စတာတွေကို ဖွဲ့စည်းနိုင်ခဲ့တဲ့အပြင် တာဝန်ယူဆောင်ရွက်သွားမဲ့ ဌာနမှူးတွေ၊ တွဲဖက်ဌာနမှူးတွေနဲ့ ရုံးအဖွဲ့တွေကိုလည်း အစည်းအဝေးက တာဝန်ခွဲဝေ အပ်နှင်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ကောင်စီအနေနဲ့ တအာင်းပြည်အတွင်းက တိုင်းရင်းသားလူမျိုးပေါင်းစုံတို့အတွက် မရှိမဖြစ် လိုအပ်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုနဲ့အတူ ရောဂါကုသမှုလုပ်ငန်းတွေနဲ့ ရောဂါကာကွယ်နှိမ်နင်းရေးလုပ်ငန်းတွေကို အဓိကထား လုပ်ဆောင်သွားမယ့်အပြင် ရောဂါဖြစ်ပွားမှုနှုန်းနဲ့ သေဆုံးနှုန်း လျော့ကျလာစေဖို့၊ ကျန်းကျန်းမာမာနဲ့ သက်တမ်းစေ့နေနိုင်ရေး၊ ပျမ်းမျှသက်တမ်း ပိုမိုမြင့်မားလာစေရန်တို့အတွက် ကျန်းမာရေးအဆင့်မြှင့်တင်တဲ့ လုပ်ငန်းများကို ဆောင်ရွက်သွားမယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

တအာင်း သူနာပြုနဲ့ ကျန်းမာရေးသိပ္ပံကောလိပ်ကိုလည်း ကွတ်ခိုင်မြို့နယ်မှာ ဖွင့်လှစ်ဖို့ စီစဉ်ထားပြီး အသက် ၁၈ နှစ်ကနေ ၂၅ နှစ်ကြား စစ်ကောင်စီလက်ထက် အောင်မြင်သူတွေကလွဲလို့ တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးသူတွေအနေနဲ့ အောက်တိုဘာ ၁၄ ရက် နောက်ဆုံးထား လျှောက်ထားနိုင်တယ်လို့လည်း TNLA က ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013