DVB Logo
Home
နိုင်ငံတကာ
သြစတြေးလျတွင် ကိုယ်ပိုင်အချိန်၌ အလုပ်ရှင်ဆက်သွယ်မှုကို လျစ်လျူရှုနိုင်သည့် ဥပဒေ စတင်
DVB
·
August 26, 2024
သြစတြေးလျတွင် ကိုယ်ပိုင်အချိန်၌ အလုပ်ရှင်ဆက်သွယ်မှုကို လျစ်လျူရှုနိုင်သည့် ဥပဒေ စတင်
Donate to DVB

“မချိတ်ဆက်ပိုင်ခွင့်”လို့ တင်စားကြတဲ့ အလုပ်ချိန်ပြင်ပမှာ ဖုန်းမကိုင်၊ အီးမေးလ်မစစ်ဘဲ နေပိုင်ခွင့် ဥပဒေသစ်ဟာ ဩဂုတ် ၂၆ ရက်ကစပြီး ဩစတြေးလျမှာ စတင်သက်ဝင်မှာ ဖြစ်ပါတယ်။

ကိုယ်ရေးကိုယ်တာအချိန်မှာ အလုပ်ရှင်ဆီကနေ ဆက်သွယ်တာတွေကို လျစ်လျူရှုတဲ့အတွက် အရေးယူခွင့် မရှိစေရလို့ တားမြစ်ထားတဲ့ စည်းမျဉ်းကို အလုပ်သမားတွေကတော့ ကြိုဆိုခဲ့ကြပါတယ်။

ကိုဗစ်ကာလအတွင်း အိမ်ကနေ အလုပ်လုပ်တဲ့ Work From Home ရေပန်းစားခဲ့ရာကနေ နောက်ပိုင်း ရုံးတွေပြန်တက်တဲ့အချိန်မှာလည်း အလုပ်နဲ့ အိမ်နဲ့ ရောထွေးလာခဲ့တာ ဖြစ်ပါတယ်။

နေ့စဉ် ကိုယ်ရေးကိုယ်တာ အချိန်တွေမှာပါ အီးမေးလ်တွေ၊ မက်ဆေ့ချ်တွေ၊ ဖုန်းခေါ်ဆိုမှုတွေ ဖြေကြားနေရတာ များလာတဲ့အတွက် အခုဥပဒေ ပေါ်လာတာ ဖြစ်ပါတယ်။

ဩစတြေးလျနိုင်ငံသားတွေဟာ ၂၀၂၃ ခုနှစ်အတွင်းမှာ ပိုက်ဆံမရတဲ့အချိန်ပို ပျမ်းမျှ ၂၈၁ နာရီလောက် လုပ်ပေးခဲ့ရတယ်လို့ စစ်တမ်းတခုက ဖော်ပြပါတယ်။

ဒါဟာ ငွေကြေးတန်ဖိုးအရ ဩစတြေးလျဒေါ်လာ ၁၃၀ ဘီလီယံလောက် ရှိတယ်လို့ ခန့်မှန်းပါတယ်။

ဒီလိုအပြောင်းအလဲကြောင့် ဩစတြေးလျဟာ ဥရောပနဲ့ လက်တင်အမေရိကနိုင်ငံ တချို့မှာ ရှိတဲ့ ဥပဒေနဲ့ အလားတူ ပြဋ္ဌာန်းထားတဲ့ နှစ်ဒါဇင်လောက်ပဲရှိတဲ့ ကမ္ဘာ့နိုင်ငံတွေထဲ ပါဝင်လာပါတယ်။

ဒီအစီအစဉ်ကို ပြင်သစ်က ၂၀၁၇ မှာ ရှေ့ဆောင်ခဲ့တာဖြစ်ပြီး ဝန်ထမ်းကို အမြဲဖုန်းဖွင့်ထားရမယ်လို့ ဖိအားပေးတဲ့ Rentokil Initial ကုမ္ပဏီကို ၂၀၁၈ မှာ ယူရို ၆၀,၀၀၀ အထိ ဒဏ်ရိုက်ခဲ့ပါတယ်။

အရေးပေါ်ဝန်ဆောင်မှုတွေနဲ့ အလုပ်ချိန် ပုံသေမရှိတဲ့ အလုပ်တွေမှာတော့ အလုပ်ရှင်က အလုပ်သမားကို ဆက်သွယ်ခွင့်ပေးထားပြီး အလုပ်သမားဘက်က အကြောင်းပြချက်ရှိမှသာ တုံ့ပြန်ဖို့ ငြင်းနိုင်မှာ ဖြစ်ပါတယ်။

Source-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013