DVB Logo
Home
နိုင်ငံတကာ
ဆူဒန်တွင် စစ်ပွဲ၊ ရေဘေးနှင့် ရောဂါဘေးကြောင့် လူသားစာနာအကျပ်အတည်း ပိုဆိုးလာ
DVB
·
August 26, 2024
ဆူဒန်တွင် စစ်ပွဲ၊ ရေဘေးနှင့် ရောဂါဘေးကြောင့် လူသားစာနာအကျပ်အတည်း ပိုဆိုးလာ
Donate to DVB

ဆူဒန်နိုင်ငံမှာ လက်နက်ကိုင်ပဋိပက္ခတွေ၊ ရေကြီးမှုတွေနဲ့ ရေကြီးလို့ဖြစ်လာတဲ့ လူအသေအပျောက်ရှိတဲ့ ရောဂါကူးစက်မှုတွေ မြင့်တက်လာတာတွေကြောင့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းတွေ ပိုဆိုးလာခဲ့ပါတယ်။

၂၀၂၃ ခုနှစ် ဧပြီလမှာ စဖြစ်ခဲ့တဲ့ ဆူဒန်လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ ပြိုင်ဘက် အမြန်ထောက်ပံ့ရေးတပ် (RSF) တို့ကြား လက်နက်ကိုင်တိုက်ပွဲတွေကြောင့် ခုလို နောက်ဆက်တွဲ ဘေးအန္တရာယ်တွေ ပေါ်ပေါက်ခဲ့တာပါ။

ဇွန်လကတည်းက ဆူဒန်ဟာ ရေလွှမ်းမိုးမှုဒဏ်ကို ခံခဲ့ရပြီး နိုင်ငံတဝန်း အပျက်အစီးတွေနဲ့ စိတ်ပျက်အားငယ်စရာ လမ်းစတွေ ကျန်ရစ်ခဲ့တာပါ။

ရေကြီးလို့ လူ ၁၁၄ ယောက်ထက်မနည်း သေဆုံးပြီး ၂၈၁ ယောက် ဒဏ်ရာရတဲ့အပြင် လူ ၁၁၀,၀၀၀ ကျော် တိုက်ရိုက် ထိခိုက်ခဲ့ပါတယ်။

ကာလဝမ်းရောဂါ၊ ငှက်ဖျားနဲ့ သွေးလွန်တုပ်ကွေးလို သေစေနိုင်တဲ့ ရောဂါတွေလည်း ပိုတိုးကူးစက်ခဲ့ပါတယ်။

မိုးသည်းကြီးမည်းကြီး ရွာခဲ့လို့ တံတားတွေ၊ လမ်းတွေ အပါအဝင် အရေးကြီးတဲ့ အခြေခံအဆောက်အအုံတွေ ပျက်စီးခဲ့ပါတယ်။

မြောက်ပိုင်းဒေသမှာ နေထိုင်သူတွေဟာ နောက်ဆက်တွဲပြဿနာတွေကို ရင်ဆိုင်ဖို့ ရုန်းကန်နေကြရပါတယ်။

တနှစ်ကျော်ကြာ လက်နက်ကိုင်ပဋိပက္ခကြောင့် ပျက်စီးသွားတဲ့ ဒေသအများအပြားမှာ ရေကြီးလို့ မရှိမဖြစ်လိုတဲ့ ဝန်ဆောင်မှုတွေပါ ပျက်စီးခဲ့တာပါ။

ရေပေးဝေမှု၊ ရေနုတ်မြောင်းနဲ့ အမှိုက်စီမံခန့်ခွဲမှုစနစ်တွေ ပြိုကျခဲ့ပြီး ကာလဝမ်း၊ ငှက်ဖျားနဲ့ သွေးလွန်တုပ်ကွေးလို ရောဂါတွေအတွက် ပေါက်ဖွားရာနေရာတခု ဖန်တီးပေးခဲ့သလို ဖြစ်ခဲ့ပါတယ်။

သောက်သုံးရေ ညစ်ညမ်းမှုကြောင့် ကာလဝမ်းရောဂါ အမြန်ကူးစက်နေတယ်လို့ ကျန်းမာရေး ဝန်ကြီးဌာနက အတည်ပြုခဲ့ပါတယ်။

မငြိမ်မသက်ဖြစ်မှု နောက်ဆက်တွဲအနေနဲ့ လူပေါင်း ၁၀ သန်းကျော်ဟာ ပဋိပက္ခတွေကြောင့် နေရပ်စွန့်ခွာခဲ့ရပြီး ယာယီစခန်းတွေ၊ လမ်းတွေပေါ်မှာ မဖြစ်မနေ နေထိုင်ခဲ့ရပါတယ်။

မကြာသေးမီက ရေကြီးမှုတွေကြောင့် အစားအစာ၊ ရေသန့်နဲ့ အခြေခံလိုအပ်ချက်တွေပါ ပြတ်လပ်သွားလို့ အခြေအနေကို ပိုမိုဆိုးရွားစေခဲ့ပါတယ်။

Source-Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013