
မန္တလေးတိုင်း၊ မလှိုင်မြို့နယ်၊ ထန်းပင်ကန်ကျေးရွာအုပ်စု၊ ညောင်ပင်တဲကျေးရွာမှာ စက်တင်ဘာ ၂၀ ရက် ညနေပိုင်းက ရေကန်ထဲရေဆင်းချိုးတဲ့ အမျိုးသား ၃ ယောက် ရေနစ်သေဆုံးခဲ့တယ်လို့ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
ညောင်ပင်တဲရွာက ကျောက်စီရေကန်မှာ ညနေ ၅ နာရီက အမျိုးသား ၃ ယောက် ရေဆင်းချိုးရာကနေ ရေနစ်နေတဲ့သတင်းရရှိတာကြောင့် မလှိုင်မြို့နယ်မီးသတ်စခန်းက မီးငြှိမ်းသတ်ယာဉ် ၁ စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ ရှာဖွေကယ်ဆယ်ရေးလုပ်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီနောက် ၃ ယောက်လုံးသေဆုံးနေတာကို တွေ့ရပြီး အလောင်းတွေကို ညောင်ပင်တဲကျေးရွာ လူမှုကူညီရေးအသင်းက သူနာတင်ယာဉ်နဲ့ မလှိုင်မြို့နယ်ဆေးရုံကြီးဆီကို ပို့ဆောင်ပေးခဲ့တယ်လို့ ဆိုပါတယ်။










