DVB Logo
Home
နိုင်ငံတကာ
တယ်လီဂရမ် စီအီးအို ပြင်သစ်တွင် အဖမ်းခံရ
DVB
·
August 25, 2024
တယ်လီဂရမ် စီအီးအို ပြင်သစ်တွင် အဖမ်းခံရ
Donate to DVB

တယ်လီဂရမ် တည်ထောင်သူ ပြင်သစ်-ရုရှား ဘီလီယံနာ ပါဗယ်ဒူရော့ဟာ ပါရီမြို့ပြင် ဘူရှေးလေဆိပ်မှာ ဩဂုတ် ၂၅ ရက်က အဖမ်းခံခဲ့ရပါတယ်။

ဒူရော့ဗ်ဟာ ကိုယ်ပိုင်ဂျက်လေယာဉ်နဲ့ ခရီးသွားလာနေတာ ဖြစ်ကာ ရဲစုံစမ်းစစ်ဆေးမှုတခုနဲ့ ပတ်သက်ပြီး ဖမ်းဝရမ်းထုတ်ခံထားရလို့ ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ 

တယ်လီဂရမ်မှာ ထိန်းချုပ်စောင့်ကြည့်ပေးတဲ့ moderator တွေ မရှိတဲ့အပေါ် အဓိက စစ်ဆေးနေတာဖြစ်ပြီး ရာဇဝတ်မှုမြောက်တဲ့ လုပ်ရပ်တွေ အတားအဆီးမရှိ ဆက်သွယ်ဆောင်ရွက်တာကို ခွင့်ပြုပေးထားတယ်လို့ ရဲဘက်က ယူဆနေပါတယ်။ 

သုံးစွဲသူ သန်း ၁၀၀၀ နီးပါးရှိတဲ့ တယ်လီဂရမ်အက်ပလီကေးရှင်းဟာ ရုရှား၊ ယူကရိန်းနဲ့ ဆိုဗီယက်ပြည်ထောင်စုဝင် နိုင်ငံဟောင်းတွေမှာ ပိုပြီး ဩဇာကြီးပါတယ်။

အခုဖြစ်စဉ်နဲ့ပတ်သက်ပြီး တယ်လီဂရမ်ဘက်ကရာ ပြင်သစ်အစိုးရဘက်ကပါ ထုတ်ပြန်တာ မရှိသေးပါဘူး။

ရုရှားနွယ်ဖွား ဒူရော့ဗ်ဟာ ရုရှားရဲ့ အဓိက လူမှုကွန်ရက် VK မှာ စီအီးအိုဖြစ်ခဲ့ပြီး အတိုက်အခံ ခေါင်းဆောင် နာဗယ်လ်ညီရဲ့ ပေ့ဂျ်အပါအဝင် အတိုက်အခံအင်အားစုတွေရဲ့ စာမျက်နှာတွေကို ပိတ်ပစ်ဖို့ ငြင်းခဲ့သူ ဖြစ်ပါတယ်။

ဒါကြောင့် VK စီအီးအိုအဖြစ်က အထုတ်ခံခဲ့ရပြီးနောက်မှာ တယ်လီဂရမ်ကို ထူထောင်ခဲ့ပြီး ရုရှားမှာ ဆက်နေလို့မရတာကြောင့် မူလက ဘာလင်၊ နောက်ပိုင်း ဒူဘိုင်းမှာ ရုံးချုပ်ဖွင့်ပြီး ဆက်လှုပ်ရှားနေသူဖြစ်ပါတယ်။ 

သူများ ညွှန်ကြားတာခံရတာထက် ကိုယ့်ဘာသာ လွတ်လွတ်လပ်လပ် လုပ်ရတာ ကြိုက်တယ်လို့ ဒူရော့ဗ်က ပြောကြားခဲ့ဖူးပါတယ်။

၂၀၂၂ မှာ ယူကရိန်းကို ရုရှား ကျူးကျော်တော့ တယ်လီဂရမ်ဟာ တည်းဖြတ်ဆင်ဆာလုပ်ခံရခြင်း မရှိတဲ့ အဓိက သတင်းရင်းမြစ် ဖြစ်လာပါတယ်။ 

နှစ်ဖက်စလုံးက စစ်ပွဲနဲ့ နိုင်ငံရေးနဲ့ ပတ်သက်တဲ့အကြောင်းအရာတွေ တင်ကြပြီး တခါတရံမှာ မြင်ဖို့ မသင့်တော်တာတွေရော၊ သတင်းမှားတွေပါ ပျံ့နှံ့တဲ့နေရာလည်း ဖြစ်လာပါတယ်။

တယ်လီဂရမ်ဟာ ‘ပုံရိပ်ယောင် စစ်မြေပြင်’ လို့ တင်စားရတဲ့အထိ နှစ်ဖက်စလုံးက သတင်းအချက်အလက် စစ်ပွဲကို စိတ်ဓာတ်ရေးရာစစ်ပွဲပါ ဆင်နွှဲတဲ့နေရာ ဖြစ်လာပါတယ်။

Source-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013