DVB Logo
Home
မြန်မာသတင်း
ပလက်ဝမြို့နယ်၌ ကျေးရွာများရေနစ်မြုပ်၊ လူဦးရေ ၁၅၀၀ နီးပါး အရေးပေါ်အကူအညီလိုအပ်
DVB
·
August 25, 2024
ပလက်ဝမြို့နယ်၌ ကျေးရွာများရေနစ်မြုပ်၊ လူဦးရေ ၁၅၀၀ နီးပါး အရေးပေါ်အကူအညီလိုအပ်
Donate to DVB

ချင်းပြည်နယ်အထက်ပိုင်းမှာ မိုးအဆက်မပြတ်ရွာသွန်းတာကြောင့် လေးမြို့မြစ်ရေ မြင့်တက်ပြီး ပလက်၀မြို့နယ်အောက်ပိုင်းက ကျေးရွာတွေ ရေနစ်မြုပ်နေလို့ လူဦးရေ ထောင်နဲ့ချီပြီး အရေးပေါ်အကူအညီတွေ လိုအပ်နေတယ်လို့ သိရပါတယ်။

ပလက်၀မြို့က လူမှုကူညီရေးအဖွဲ့၀င်တဦးက “အခုလဆန်းပိုင်းကတည်းက မိုးက အဆက်မပြတ်ရွာနေတော့ လေးမြို့မြစ်ရေတိုးပြီး အနီးနားလေးက ကမ်းဘေးရွာတွေထဲကို မြစ်ရေတွေ ၀င်တာ။ ဒီမြို့နယ်ထဲကရွာတွေ ရေမြုပ်ကုန်တယ်။ စိုက်ခင်းတွေလည်း အကုန်နီးပါး ပျက်ကုန်တာ။ အိမ်တွေ ပျက်ကုန်တာက အလုံး ၅၀ လောက်။ ကျွဲ နွားနဲ့ အိမ်မွေးတိရစ္ဆာန်တွေလည်း သေကြတာမနည်းဘူးဘဲ” လို့ DVB ကို ပြောပါတယ်။

ရေနစ်မြုပ်သွားတဲ့ ကျေးရွာတွေဟာ ကြက်ဖတောင်၊ ဂါရာပြင်၊ ကိုဖေရှေ၊ အထက်သံထောင်၊ အောက်သံထောင်၊ အလယ်ဒိန်ကင်း၊ ကိုဖေကြီး၊ စုတ်ချောင်း၊ မောင်‌၊ နန်းမနူး‌၊ ပန်းဘွေ၊ ဝန်ချောင်းနဲ့ ဗုဒ္ဓဂါမကျေးရွာတွေဖြစ်ကြပြီး ဒေသခံပြည်သူတွေဟာလည်း ဘေးလွတ်ရာကို ပြောင်းရွှေ့နေထိုင်နေကြရတယ်လို့ ဆိုပါတယ်။

ကူညီဆောင်ရွက်ပေးနေသူတဦးက “ကျနော်တို့ စာရင်းအရတော့ ၁၃ ရွာစာရင်းရတယ်။ အိမ်ခြေက ၅၀၀ နီးပါး။ ရေဘေးသင့်ပြည်သူတွေက ၁၅၀၀ ၀န်းကျင်ရှိတယ်။ ရွာတွေထဲမှာ နေလို့မရကြတော့လို့ ဘေးလွတ်ရာကို ပြောင်းနေကြရတာ ၁ လနီးပါးရှိနေကြပြီ။ ရေက အခုထိ မကျသေးတော့ သူတို့အတွက် အရေးပေါ်ပစ္စည်းတွေ လိုအပ်နေတယ်”လို့ ပြောပါတယ်။

ရေဘေးသင့်ပြည်သူတွေအတွက် မိုးကာ၊ အ၀တ်အထည်၊ စားနပ်ရိက္ခာတွေနဲ့ ဆေး၀ါးတွေ အရေးပေါ် လိုအပ်နေပြီး စစ်ကောင်စီဘက်က အကူအညီတွေမရရှိဘူးလို့လည်း သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013