DVB Logo
Home
မြန်မာသတင်း
မော်လမြိုင်ကျွန်းတွင် ရဲတပ်သား ၁ ဦး အဆုံးစီရင်  
DVB
·
August 23, 2024
မော်လမြိုင်ကျွန်းတွင် ရဲတပ်သား ၁ ဦး အဆုံးစီရင်  
Donate to DVB

ဧရာဝတီတိုင်း၊ မော်လမြိုင်ကျွန်းမြို့မရဲစခန်းက ရဲတပ်ဖွဲ့ဝင်တယောက် ရတဲ့လစာနဲ့ ကုန်ကျစရိတ်မလောက်ငှတဲ့အတွက် ငွေကြေးပြဿနာကြောင့် ကိုယ့်ကိုယ်ကိုယ် သေနတ်နဲ့ ပစ် အဆုံးစီရင်သွားတယ်လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူဆီက သိရပါတယ်။

ရဲတပ်သားဇော်ကြီးဟာ ငွေကြေးအဆင်မပြေတဲ့ကိစ္စနဲ့ မိသားစုအတွင်း စကားများရန်ဖြစ်ကာ ပြီးခဲ့တဲ့ ဩဂုတ် ၁၅ ရက်က အဆုံးစီရင်သွားတာလို့ ဆိုပါတယ်။

ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတယောက်က “ရဲဝန်ထမ်း လိုင်းခန်းထဲမှာ အဆုံးစီရင်သွားတာ။ သူက ရဲတပ်သားအဆင့်ရှိဇော်ကြီးပါ။ သူ့သေနတ်နဲ့သူ သေနတ်ပြောင်းကို မေးစေ့အောက်မှာထားပြီး ခြေထောက်နဲ့မောင်း ခလုပ်ကိုနှိပ်ပြီး သူ့ကိုယ်သူပစ်သတ်သွားတာ။ ရတဲ့လစာနဲ့ မိသားစု ကုန်ကျစရိတ်ကော အထက်ကဖိအားတွေကြောင့် အခုလို လုပ်သွားတာလို့သိရတယ်''လို့ ပြောပါတယ်။

အဆုံးစီရင်သွားတဲ့ ရဲတပ်သားဇော်ကြီးဟာ ရခိုင်ပြည်နယ်မှာ တာဝန်ကျခဲ့သူဖြစ်ပြီး ဧရာဝတီတိုင်း၊ မော်လမြိုင်ကျွန်း မြို့မရဲစခန်းကိုပြောင်းရွှေ့လာတာ ၂ လ ခန့်သာရှိသေးတယ်လို့ သိရပါတယ်။

ဒေသခံ ဝန်ထမ်း တယောက်က ''ရဲတပ်သားဇော်ကြီး သေဆုံးမှုနဲ့ ပတ်သက်ပြီး သေနတ်ကျည် မတော်တဆထွက်ပြီး သေဆုံးခဲ့တာလို့ မော်လမြိုင်ကျွန်းရဲစခန်းက သတင်းလွှင့်ထားတယ်။ အမှန်တော့ အဆုံးစီရင်သွားတာပါ။ သူက ရခိုင်ပြောင်းလာတာ၊ စိတ်ဓာတ်ကျနေတာကော။ အထက်အရာရှိက ဖိနှိပ်တာတွေ၊ ငွေကြေးအဆင်မပြေတာတွေနဲ့ ရှုပ်နေတော့ ဒီလို လုပ်တာနေမှာပေါ့” လို့  ပြောပါတယ်။

လက်ရှိ စစ်ကောင်စီက ရဲတပ်သားတယောက်  အခြေခံလစာ ၁၄၄,၀၀၀ကျပ်နဲ့ ထမင်းစရိတ်၊ သက်စွန့်စရိတ်တွေအပါအဝင် တလကို ၂၉၀,၀၀၀ကျပ် ပေးနေတာလို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

၂၀၂၂ ခုနှစ် စက်တင်ဘာလကလည်း ဧရာဝတီတိုင်း၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်း ရဲစခန်းမှ ရဲတပ်ဖွဲ့တယောက် အထက်အရာရှိတွေရဲ့ ဖိအားတွေကြောင့် အခုလိုပဲ ကိုယ့်ကိုယ်ကိုယ် ကြိုးဆွဲချကာအဆုံးစီရင်သွားခဲ့သေးတယ်လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတွေ ဆီက သိရပါတယ်။ 

Photo - CK

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013