DVB Logo
Home
အားကစား
တကျော့ပြန် ဂွမ်ဒိုဂမ်ကို မန်စီးတီးက တနှစ်စာချုပ် ချုပ်ဆို
DVB
·
August 23, 2024
တကျော့ပြန် ဂွမ်ဒိုဂမ်ကို မန်စီးတီးက တနှစ်စာချုပ် ချုပ်ဆို
Donate to DVB

အသင်းဆီတကျော့ပြန် ရောက်ရှိလာတဲ့ ကွင်းလယ်လူ ဂွမ်ဒိုဂမ်ကို မန်စီးတီးအသင်းက တနှစ် စာချုပ် ချုပ်ဆိုသွားမယ်လို့သိရပါတယ်။

ဂွမ်ဒိုဂမ်ဟာ ဘာစီလိုနာအသင်းမှာတရာသီကစားပြီးနောက် အဆင်မပြေဖြစ်ခဲ့တာကြောင့် အသင်းဟောင်းဆီ ပြန်လည်ပြောင်းရွှေ့ဖို့ဆုံးဖြတ်ခဲ့တာပါ။

တနှစ်စာချုပ်အပြင် နောက်ထပ်တနှစ်သက်တမ်းတိုးခွင့်လည်း ထည့်သွင်းချုပ်ဆိုမယ်လို့သိရ ပါတယ်။

ဂျာမန်ကွင်းလယ်ကစားသမားဟာ သြဂုတ် ၂၁ ရက်က မန်စီးတီးအသင်းဆီရောက်ရှိလာခဲ့ပြီး နည်းပြ ဂွါဒီယိုလာအပါအဝင် အသင်းစီးအီးအိုတို့နဲ့  ဆွေးနွေးခဲ့သလို အသင်းပရိသတ်တွေနဲ့လည်း ဓာတ်ပုံအတူရိုက်ခဲ့ပါသေးတယ်။

ဂွမ်ဒိုဂမ်ဟာ မန်စီးတီးနဲ့အတူ ၈ နှစ်ကြာကစားခဲ့ပြီး စုစုပေါင်း ၃၀၄ ပွဲ ကစားပေးခဲ့ပြီး အောင်မြင်မှုတွေလည်း  ရယူနိုင်ခဲ့ပါတယ်။

Photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013