DVB Logo
Home
မြန်မာသတင်း
မြိုင်တွင် စစ်ကောင်စီတပ်တိုက်ခိုက်ခံရပြီး ၁၂ ဦးသေ ၅ ဦးလက်နက်ချ၊ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ
DVB
·
August 22, 2024
မြိုင်တွင် စစ်ကောင်စီတပ်တိုက်ခိုက်ခံရပြီး ၁၂ ဦးသေ ၅ ဦးလက်နက်ချ၊ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ
Donate to DVB

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ ဩဂုတ် ၂၁ ရက်၊ မနက် ၆ နာရီ၀န်းကျင်က စစ်ကောင်စီစစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်သား ၁၂ ဦးသေဆုံး၊ ၅ ဦး လက်နက်ချအညံ့ခံခဲ့ပြီး လက်နက် ၁၉ လက်နဲ့ ခဲယမ်းအမြောက်အမြား သိမ်းဆည်းရရှိခဲ့တယ်လို့ မြိုင်-ပကဖ စစ်ဆင်ရေးတာ၀န်ရှိသူတဦးက ပြောပါတယ်။ 

“ကိုင်းတောမရွာသစ်ရွာမှာ အခြေချပြီး တပ်စွဲနေတဲ့ကောင်တွေက သူတို့ရိက္ခာပြတ်ရင် ပတ်၀န်းကျင်ကရွာတွေကို ပတ်လုတယ်၊ ခိုးတယ်၊ တိုက်တယ်၊ မီးရှို့တယ်။ အခုလည်း အဲ့လိုလုပ်ဖို့ အဲ့ဒီရွာက ထွက်လာတဲ့ စစ်ကြောင်းကို လမ်းမှာဖြတ်တိုက်ခဲ့တာ။ ၁၂ ကောင်သေတယ်။ ၅ ကောင်ကတော့ လက်နက်ချခဲ့တယ်။”

စစ်ကောင်စီစစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်မှုကနေ MA1 သေနတ် ၆ လက်၊ MA2 သေနတ် ၃ လက်၊ MA3 သေနတ် ၄ လက်၊ MA4 သေနတ် ၁ လက်၊ MA11 သေနတ် ၁ လက်၊ G3 သေနတ် ၂ လက်၊ 79 မမ ၁ လက်၊ BA 100 (၆၀ မမ) ၁ လက်၊ G3 ကျည် ၁၉၂ တောင့်၊ MA ကျည် ၈၆၇ တောင့်၊ ၉ မမကျည် ၁၉၆ တောင့်၊ ၆၀ မမ အဖူး ၁ ဖူး၊ ၈၁ မမ အဖူး ၅ ဖူး၊ ၄၀ မမ အဖူး ၁၂ ဖူး၊ အီနာဂါ ၃ လုံး၊ RPG အဖူး ၃ ဖူး၊ လက်ပစ်ဗုံး ၃ လုံးတို့နဲ့အတူ အခြားဆက်စပ်ပစ္စည်းအများအပြား သိမ်းဆည်းရရှိခဲ့​တယ်လို့ ဆိုပါတယ်။

မြိုင်-ပကဖ ရဲ့ တာ၀န်ခံတဦးက “တိုက်ပွဲအတွင်းကနေ ထွက်ပြေးပြီး လွတ်သွားတဲ့ ကောင်တွေလည်းရှိတယ်။ လက်နက်ချလို့ ဖမ်းမိထားတဲ့ သုံ့ပန်း ၅ ယောက်ကိုတော့ လိုအပ်တဲ့ စစ်ဆေးမှုတွေ ဆောင်ရွက်နေပါတယ်။ သုံ့ပန်းဥပဒေနဲ့အညီဘဲ ဆက်လက်ဆောက်ရွက်သွားမှာ။ ကျနော်တို့ဘက်ကတော့ စိုးရိမ်ရတဲ့ ဒဏ်ရာရတဲ့သူ မရှိပါဘူး။ ဒီပွဲမှာ ပူးပေါင်းပါ၀င်ခဲ့ကြတဲ့ တပ်ဖွဲ့အသီးသီးက ရဲဘော်အားလုံးကိုလည်း အထူးကျေးဇူးတင်ပါတယ်” လို့ ပြောပါတယ်။

အဆိုပါ တိုက်ခိုက်မှုကို မြိုင်ပကဖ၊ ပခုက္ကူခရိုင်တပ်ရင်းအမှတ် (၂၊ ၆၊ ၇) တပ်ရင်း၊ ပကဖ တပ် ပေါင်းစု အမှတ် ၁ တပ်ရင်း၊ ပခုက္ကူစုဖွဲ့မှု (Earthquake ၊ PPDF ၊ Young Force)၊ အညာမြေတပ်ပေါင်းစု၊ ကမ္မတပ်ပေါင်းစု၊ BLY တပ်ဖွဲ့၊ PKU- THURAIN၊ စင်္ကြာပြည်သူ့ကာကွယ်‎ရေးတပ်ဖွဲ့၊ ဝံပုလွေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ဂဠုန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (မြိုင်)၊ အလင်းတန်းပျောက်ကြားတပ်ဖွဲ့၊ PLC တပ်ပေါင်းစု၊ ဓားမင်းကြီးတပ်ဖွဲ့၊ Justice Revolution Force တို့နဲ့အတူ ဒေသတွင်း လက်နက်ကြီးငယ် ပေါင်းစုအဖွဲ့၊ ဒရုန်းတပ်ဖွဲ့တွေ စုပေါင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

မြိုင်မြို့နယ်က ကိုင်းတောမရဲစခန်းကိုလည်း သြဂုတ် ၃ ရက်ကနေ ၆ ရက်အထိ ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုတွေက ၄ ရက်ကြာတိုက်ခိုက်ခဲ့ရပြီး ဝက်ပုတ်ကျေးရွာက စစ်ကောင်စီတပ်စခန်းကို ဩဂုတ် ၈ ရက် မနက်မှာ အပြီးတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြပါတယ်။

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013
မြိုင်တွင် စစ်ကောင်စီတပ်တိုက်ခိုက်ခံရပြီး ၁၂ ဦးသေ ၅ ဦးလက်နက်ချ၊ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ