DVB Logo
Home
မြန်မာသတင်း
မွတ်စလင် အီးဒ်နေ့ အထိမ်းအမှတ် စစ်သုံ့ပန်းနှင့် အကျဉ်းသား ၅၇ ဦးကို AA လွှတ်ပေး
DVB
·
May 24, 2026
Photo: APM
Photo: APM
Donate to DVB

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်မှာ အကျဉ်းကျနေတဲ့ မွတ်စလင်အကျဉ်းသားတွေ အပါအဝင် စစ်သုံ့ပန်းနဲ့ အကျဉ်းသား ၅၇ ယောက် ကို မွတ်စလင်တို့ရဲ့ ကုရ်ဘာရီအီးဒ် အထိမ်းအမှတ်အဖြစ် အာရက္ခတပ်တော် AA က လွှတ်ပေးလိုက်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

AA ထိန်းချုပ်ထားတဲ့ မြောက်ဦးခရိုင်က မွတ်စလင်အကျဉ်းသားတွေအပါအဝင် စစ်သုံ့ပန်းနဲ့ အကျဉ်းသားတွေကို မေ ၂၃ ရက်မှာ အခမ်းအနားနဲ့ လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်တယ်လို့ မြောက်ဦးခရိုင်က AA နဲ့နီးစပ်သူတယောက်က ပြောပါတယ်။

“ဒီနေ့မွတ်စလင်တွေရဲ့ နေ့ထူးနေ့မြတ်ဖြစ်တဲ့အတွက် အထိမ်းအမှတ်အနေနဲ့ အာရက္ခအစိုးရက လွှတ်ပေးလိုက်တာဖြစ်တယ်။ ဘယ်ဘာသာဝင် အထိမ်းအမှတ်မဆို AA က အလေးအနက်ထားတယ်။ လေးစားမှုဂါရဝတရား ထားပါတယ်” လို့ ပြောပါတယ်။

အဲဒီ အခမ်းအနားကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA)က ခရိုင်တာဝန်ရှိသူတွေ၊ မွတ်စလင်ရေးရာ နာယကခေါင်းဆောင်တွေ တက်ရောက်ခဲ့ကြတယ်လို့ အခမ်းအနားကို တက်ရောက်ခဲ့သူ ရပ်မိရပ်ဖ မွတ်စလင်တယောက်က ပြောပါတယ်။

“အကျဉ်းသားတွေကို နောက်ထပ်ပြစ်မှုတွေ မကျူးလွန်ကြဖို့ တက်ရောက်တဲ့ တာဝန်ရှိသူတွေက မှာကြားတယ်။ပြီးတော့ ပြန်လွှတ်ပေးတဲ့အပြင် နေရာအလိုက် ငွေကြေးလည်း ထောက်ပံ့တယ်။ မိသားစုတွေထံ သေသေချာချာ အပ်နှံပြီး လွှတ်ပေးတာပါ” လို့ ပြောပါတယ်။

မြောက်ဦးတိုက်ပွဲအတွင်းက ဖမ်းဆီးရမိထားတဲ့ စစ်သုံ့ပန်း အကျဉ်းသား ၉ ယောက်၊ မွတ်စလင်အကျဉ်းသား ၁၀ ယောက် အပါအဝင် အရပ်ဘက် အကျဉ်းသား အယောက် ၃၀၊ တပ်ဖွဲ့ဝင် ၄ ယောက်၊ စစ်သုံ့ပန်းမိသားစုဝင် ၁၄ ယောက်၊ စုစုပေါင်း ၅၇ ယောက်ကို ပြန်လွှတ်ပေးလိုက်တာပါ။

အာရက္ခမြို့သိမ်းတိုက်ပွဲတချို့မှာ ဖမ်းဆီးရမိထားတဲ့ စစ်သုံ့ပန်းနဲ့ မိသားစုဝင်တွေ၊ အရပ်ဘက် အကျဉ်းသားတွေကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက ၂၀၂၄ ခုနှစ်ကစလို့ တသုတ်ချင်းစီ လွှတ်ပေးနေတာဟာ အယောက် ၁,၀၀၀ ကျော် ရှိနေပြီလို့ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013