DVB Logo
Home
နိုင်ငံတကာ
မွတ်စလင်အမတ်လောင်းကို မဲမပေးရန် ထရမ့်ပ်က 9/11 ကို ရည်ညွှန်း မဲဆွယ်
DVB
·
October 26, 2026
Photo: REUTERS/Umit Bektas/File Photo
Photo: REUTERS/Umit Bektas/File Photo
Donate to DVB

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ဟာ အောက်တိုဘာ ၂၅ ရက် မစ်ရှီဂန်ပြည်နယ် မဲဆွယ်ပွဲမှာ မွတ်စလင် အထက်လွှတ်တော်အမတ်လောင်း အဗ္ဗဒူလ် အယ်လ်ဆာယက်ကို မဲမပေးဖို့ တိုက်တွန်းရင်း ၂၀၀၁ ခုနှစ် 9/11 အကြမ်းဖက်တိုက်ခိုက်မှုကို ရည်ညွှန်းပြောဆိုသွားပါတယ်။

ဂျီဟတ်ဝါဒီနဲ့ မွတ်စလင်ဘရားသားဟုဒ် အဖွဲ့ဝင်တယောက် အမေရိကန်အထက်လွှတ်တော်အမတ် မဖြစ်လာအောင် တားဆီးဖို့ ကျုပ် ဒီကိုလာတာပါလို့ ထရမ့်ပ်က ပြောပါတယ်။

ထရမ့်ပ်က 9/11 အကြမ်းဖက်တိုက်ခိုက်မှုမှာ လေယာဉ်အပိုင်စီးသူတွေကို ခုခံခဲ့တဲ့ ခရီးသည်တွေရဲ့ လုပ်ရပ်နဲ့ အယ်လ်ဆာယက်ကို ဆန့်ကျင်မဲပေးဖို့ တိုက်တွန်းမှုကိုလည်း နှိုင်းယှဉ်ပြောခဲ့ပါတယ်။

မွတ်စလင်ဘရားသားဟုဒ်အဖွဲ့နဲ့ အယ်လ်ဆာယက် ဆက်နွှယ်တယ်ဆိုတဲ့ စွပ်စွဲချက်အတွက် အထောက်အထား မပြနိုင်သေးသလို ကာယကံရှင်ကိုယ်တိုင်ကလည်း ငြင်းဆိုထားပါတယ်။

အယ်လ်ဆာယက်ဟာ မစ်ရှီဂန်ပြည်နယ်မှာ မွေးဖွားတဲ့ အမေရိကန်နိုင်ငံသားတယောက်ဖြစ်ပြီး အနိုင်ရခဲ့ရင် အမေရိကန်သမိုင်းမှာ ပထမဆုံး မွတ်စလင် အထက်လွှတ်တော်အမတ် ဖြစ်လာမှာပါ။

ထရမ့်ပ်ရဲ့ မဲဆွယ်ပွဲမှာ ပရိသတ်တချို့က အယ်လ်ဆာယက်ကို ရည်ညွှန်းပြီး “သစ္စာဖောက်”၊ “တိုင်းပြည်က နှင်ထုတ်” လို့ အော်ဟစ်ခဲ့ကြပါတယ်။

အမေရိကန်နိုင်ငံအပေါ် သူ့ရဲ့ သစ္စာရှိမှုကို မေးခွန်းထုတ်တာဟာ “ရှက်စရာကောင်းတယ်” လို့ အယ်လ်ဆာယက်က တုံ့ပြန်ထားပါတယ်။

ဒီတိုက်ခိုက်မှုတွေဟာ အယ်လ်ဆာယက်ကို အမေရိကန်နိုင်ငံသား မစစ်သလို ပုံဖော်ဖို့ကြိုးစားတာ ဖြစ်တယ်လို့ သမ္မတဟောင်း ဘားရက်ခ် အိုဘားမားကလည်း ဝေဖန်ခဲ့ပါတယ်။

အယ်လ်ဆာယက်ရဲ့ ပြိုင်ဘက် ရီပတ်ဘလီကန်ပါတီက မိုက်ရော်ဂျာကတော့ သူ့ကို အကြမ်းဖက်သမားလို့ မခေါ်ခဲ့ဘူးကြောင်း ပြောပါတယ်။

နိုဝင်ဘာ ၃ ရက် သက်တမ်းဝက် လွှတ်တော်ရွေးကောက်ပွဲမှာ သူတို့နှစ်ယောက် ယှဉ်ပြိုင်ကြမှာ ဖြစ်ပြီး ဒီပြိုင်ပွဲရလဒ်က အမေရိကန်အထက်လွှတ်တော်ကို ဘယ်ပါတီ ထိန်းချုပ်နိုင်မလဲ ဆိုတာအတွက် အရေးပါနေပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013