DVB Logo
Home
အားကစား
ရီးရဲလ်အသင်းတွင် ဖရီးကစ်နှင့် ပယ်နယ်တီ အမ်ဘာပေ ကန်သွင်းခွင့်ရမည်မဟုတ်
DVB
·
August 22, 2024
ရီးရဲလ်အသင်းတွင် ဖရီးကစ်နှင့် ပယ်နယ်တီ အမ်ဘာပေ ကန်သွင်းခွင့်ရမည်မဟုတ်
Donate to DVB

ပြင်သစ်တိုက်စစ်မှူး အမ်ဘာပေဟာ ဖရီးကစ်နဲ့ ပင်နယ်တီတွေကို အသင်းသစ် ရီးရဲလ်မက်ဒရစ်မှာ ဦးစားပေးကန်သွင်းခွင့်ရမှာမဟုတ်တော့ဘူးလို့ သိရပါတယ်။ 

အမ်ဘာပေဟာ ပြင်သစ်နဲ့ PSG အသင်းတွေမှာ ဦးစားပေးကစားသမားဖြစ်ခဲ့ပေမဲ့ မက်ဒရစ်မှာတော့  ဦးစားပေးကန်သွင်းခွင့်ရသူ ဖြစ်မလာသေးပါဘူး။ 

အမ်ဘာပေဟာ ဖရီးကစ်နဲ့ ပင်နယ်တီကန်သွင်းခွင့်အတွက် နည်းပြအန်ချလော့တီကို တောင်းဆိုခဲ့ပေမဲ့ လက်မခံဘဲ ပယ်ချခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။ 

ရီးရဲလ်မက်ဒရစ်မှာ ဖရီးကစ်နဲ့ တည်ကန်ဘောတွေကို တိုနီခရူးစ်နဲ့ ရိုဒရီဂိုတို့က ဦးစားပေး ကန်သွင်းခွင့်ရခဲ့ပြီး ပင်နယ်တီကိုတော့ ဗင်နီဆီးယက်စ်က ကန်သွင်းခွင့်ရရှိခဲ့တာပါ။

လက်ရှိ ဘောလုံးရာသီမှာလည်း ဖရီးကစ်နဲ့ ပင်နယ်တီတွေကို ရိုဒရီဂိုနဲ့ ဗင်နီဆီးယက်စ်တို့ကပဲ ဦးစားပေး ကန်သွင်းခွင့်ရရှိထားတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013