DVB Logo
Home
မြန်မာသတင်း
တောင်ငူလေတပ်စခန်း ရှော့တိုက်ဒုံးဖြင့် တိုက်ခိုက်ခံရ
DVB
·
August 21, 2024
တောင်ငူလေတပ်စခန်း ရှော့တိုက်ဒုံးဖြင့် တိုက်ခိုက်ခံရ
Donate to DVB

ပဲခူးတိုင်း၊ တောင်ငူမြို့နယ်ရှိ စစ်ကောင်စီတပ်ရဲ့ တောင်ငူလေတပ်စခန်းကို  ၁၀၇ မမ ရှော့တိုက်ဒုံး တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့  Brave Warriors For Myanmar  (BWM) အဖွဲ့က  ဩဂုတ် ၂၁ ရက်မှာ ထုတ်ပြန်ပါတယ်။

ဩဂုတ် ၂၀ ရက် ည ၁၁ နာရီ ၅၆ မိနစ်မှာ ၁၀၇ မမ ရှော့တိုက်ဒုံး ၇ လုံးပစ်ခတ်ခဲ့တာဖြစ်ပြီး  ပစ်မှတ်သို့ ၄ လုံး ထိမှန်ခဲ့ကြောင်း ထုတ်ပြန်ပေမဲ့ ထိခိုက်ပျက်စီးမှု အသေးစိတ် အတိအကျကို ဆက်လက်စုံစမ်းနေဆဲလို့ ဆိုပါတယ်။

အဆိုပါတိုက်ခိုက်မှုကို Brave Warriors for Myanmar (BWM) အဖွဲ့ရဲ့ ဦးဆောင်စီမံမှုနဲ့ Mountain Knights Civilian Defense Force (MKCDF) ဟာ  သံတောင်မြောက်ပိုင်းအထူးဒေသအဖွဲ့၊ စစ်ဒေသ ၃၁ ပါတီရဲဘော်များအဖွဲ့ ၊ Mercury Revolution Force (MRF) အဖွဲ့တို့နဲ့ ပူးပေါင်း ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။

မန္တလေးတိုင်း၊ တံတားဦးမြို့နယ်ရှိ စစ်ကောင်စီတပ်ရဲ့ တံတားဦး လေကြောင်းရန်ကာကွယ်ရေး တပ်စခန်းကိုလည်း သြဂုတ် ၂၀ ရက် ညနေ ၃ နာရီ၀န်းကျင်မှာ သိမ်းပိုက်ရရှိခဲ့တယ်လို့ Natogyi People Defense Force ဆီကနေ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013