DVB Logo
Home
နိုင်ငံတကာ
ပနားမားအစိုးရက ရွှေ့ပြောင်းနေထိုင်သူများကို မူရင်းနိုင်ငံပြန်ပို့
DVB
·
August 21, 2024
ပနားမားအစိုးရက ရွှေ့ပြောင်းနေထိုင်သူများကို မူရင်းနိုင်ငံပြန်ပို့
Donate to DVB

ပြည်နှင်ဒဏ်ခံရတဲ့ ရွှေ့ပြောင်းနေထိုင်သူတွေကို မူရင်းနိုင်ငံပြန်ပို့မယ့် ပထမဆုံး လေယာဉ်ဟာ သြဂုတ် ၂၀ ရက် အစောပိုင်းမှာ ပနားမားနိုင်ငံကနေ ထွက်ခွာသွားခဲ့ပါပြီ။

အလယ်နဲ့ တောင်အမေရိကကို ဆက်သွယ်ထားတဲ့ အန္တရာယ်ကြီးတဲ့ တောနက်ကိုဖြတ်ပြီး အမေရိကန်နိုင်ငံဆီလာသူ အများစုဖြစ်တဲ့ လူတွေစီးဆင်းမှုကို လျှော့ချဖို့ မဟာဗျူဟာအသစ်ရဲ့ တစိတ်တပိုင်းလည်း ဖြစ်ပါတယ်။

နိုဝင်ဘာ အမေရိကန်သမ္မတ ရွေးကောက်ပွဲမတိုင်မီ ၃ လထက်နည်းတဲ့အချိန်မှာ အမေရိကန် အစိုးရရဲ့ ဘဏ္ဍာငွေနဲ့ ဒီလေကြောင်းခရီးစဉ်ကို စီစဉ်ခဲ့တာပါ။

ရွှေ့ပြောင်းနေထိုင်မှုကို ကိုင်တွယ်ဖြေရှင်းတဲ့ နည်းလမ်းအသစ်ကို ရီပတ်ဘလစ်ကန် သမ္မတဟောင်း ဒေါ်နယ်ထရမ့်ပ်နဲ့ ဒီမိုကရက်တစ်သမ္မတလောင်း ကမ္မလာ ဟားရစ်တို့ကြားက ပြိုင်ပွဲမှာ ထိပ်တန်း စကားရည်လုစရာ ပြဿနာတရပ်အဖြစ် အမှတ်အသား ပြုကြပါတယ်။

ကိုလံဘီယာနိုင်ငံသား အယောက် ၃၀ တင်ဆောင်လာတဲ့ ပထမဆုံး လေယာဉ်ဟာ ပနားမားစီးတီးကနေ ထွက်ခွာခဲ့တယ်လို့ အမေရိကန်ပြည်တွင်းလုံခြုံရေးဌာန တာဝန်ရှိသူ မာလန် ပစ်နေးရိုးက ပြောပါတယ်။

သူတို့အားလုံးဟာ ဇာတိနိုင်ငံမှာ ရာဇဝတ်မှုမှတ်တမ်းတွေနဲ့အတူ ကိုလံဘီယာနဲ့ ပနားမား နိုင်ငံတွေကို ဆက်သွယ်ထားတဲ့ ဒါရီယံ ဂပ် တောနက်ကို ဖြတ်ကျော်ပြီးတဲ့နောက် အဖမ်းခံခဲ့ရပါတယ်။

ပြည်နှင်ဒဏ်ပေးခံရသူတွေကို လေယာဉ်ပေါ်မှာ လက်ထိတ်နဲ့ သံခြေကျင်းတွေ ခတ်ထားပါတယ်။

ဗင်နီဇွဲလားနိုင်ငံသားတွေနဲ့ အမေရိကတိုက်တလွှား တခြားနိုင်ငံတွေကနေ ထွက်ပြေးလာသူတွေကြောင့် ဒါရီယန် ဂပ် တောနက်ကို ရွှေ့ပြောင်းနေထိုင်သူ တသန်းခွဲကျော် မနှစ်က ဖြတ်သန်းဝင်ရောက်ခဲ့လို့ စံချိန်တင်ခဲ့ပါတယ်။

ပြည်နှင်ဒဏ်ပေးတာဟာ ပနားမားကို အကူးအပြောင်း နေရာတခုအဖြစ် သုံးနေတာ အဆုံးသတ်ဖို့ ကတိကဝတ်ပြုထားတဲ့ ပနားမားသမ္မတသစ် ဟိုဆေး မူလီနိုနဲ့ အမေရိကန် အရာရှိတွေကြား ဇူလိုင်လက သဘောတူညီချက်ရဲ့ တစိတ်တပိုင်း ဖြစ်ပါတယ်။

အမေရိကန် တာဝန်ရှိသူတွေက လေကြောင်းခရီးစဉ်တွေအတွက် အမေရိကန်ဒေါ်လာ ၆ သန်း ဘတ်ဂျက်ကို အရင်က ထုတ်ပေးခဲ့ပြီး ပနားမားနိုင်ငံသားတွေကို လေ့ကျင့်ပေးနေပါတယ်။

နေရပ်ပြန်ပို့တာကို ပနားမားနိုင်ငံရဲ့ ဥပဒေတွေနဲ့အညီ အကောင်အထည်ဖော် ဆောင်ရွက်နေတယ်လို့ ပနားမား အရာရှိတွေက ပြောခဲ့ပါတယ်။

Source-Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013