DVB Logo
Home
မြန်မာသတင်း
တရုတ်နိုင်ငံခြားရေးဝန်ကြီးနှင့် မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးကိုယ်စားလှယ်တို့ တွေ့ဆုံ
DVB
·
August 21, 2024
တရုတ်နိုင်ငံခြားရေးဝန်ကြီးနှင့် မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးကိုယ်စားလှယ်တို့ တွေ့ဆုံ
Donate to DVB

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိဟာ ကုလသမဂ္ဂအတွင်းမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စဂျူလီဘစ်ရှော့နဲ့ မြို့တော် ပေကျင်းမှာ ဩဂုတ် ၂၀ ရက်က တွေ့ဆုံပြီး မြန်မာ့အရေး ဆွေးနွေးခဲ့ကြတယ်လို့ တရုတ်ဆင်ဟွာသတင်းမှာ ဖော်ပြပါတယ်။

ဒီတွေ့ဆုံမှုမှာတော့ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးရာဗျူရိုအဖွဲ့ဝင်လည်းဖြစ်တဲ့ မစ္စတာဝမ်ယိက တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာ၊ လွတ်လပ်မှု၊ အမျိုးသားစည်းလုံးညီညွတ်မှုနဲ့ နယ်မြေတည်တံ့ရေးကို လေးစားဖို့ ကတိပြုထားတယ်လို့ ပြောတဲ့အကြောင်း ဆင်ဟွာသတင်းတပုဒ်မှာ ဖော်ပြပါတယ်။

ဒါ့အပြင် မြန်မာ့ပြည်တွင်းရေးကို ဝင်ရောက်မစွက်ဖက်ဖို့ သန္နိဋ္ဌာန်ချထားပြီး “မြန်မာပိုင်၊ မြန်မာဦးဆောင်သော” ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ကတိပြုကြောင်းနဲ့ အာဆီယံရဲ့ အခန်းကဏ္ဍကို အဓိကလမ်းကြောင်းအဖြစ် တရုတ်နိုင်ငံက ထောက်ခံကြောင်းလည်း ပြောလိုက်တာပါ။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်ဟာ မြန်မာ့အရေးမှာ ထူးခြားတဲ့ အခန်းကဏ္ဍက ပါဝင်နေတာကို အသိအမှတ်ပြုသလို အဆိုပါ အရေးကိစ္စတွေ ဆောင်ရွက်ရာမှာလည်း တရုတ်နိုင်ငံက ပံ့ပိုးကူညီပေးဖို့ အသင့်ရှိကြောင်းနဲ့ မြန်မာနိုင်ငံမှာ နိုင်ငံရေးအရ ပြန်လည်သင့်မြတ်ရေးနဲ့ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးတို့အတွက် အပြုသဘောဆောင်သော အခန်းကဏ္ဍကနေ ပါဝင်ဆောင်ရွက်နေတယ်လို့လည်း ဆိုပါတယ်။

မစ္စ ဂျူလီဘစ်ရှော့ကတော့ မြန်မာနိုင်ငံအရေးကို မှန်ကန်စွာ ကိုင်တွယ်ဖြေရှင်းဖို့ တရုတ်နိုင်ငံနဲ့ အာဆီယံတို့ ပူးပေါင်းဆောင်ရွက်မှု အားကောင်းစေဖို့နဲ့ နီးကပ်တဲ့ ဆက်ဆံရေးကို ထိန်းသိမ်းသွားဖို့ ဆန္ဒရှိကြောင်း ပြောကြားခဲ့တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယိဟာ ထိုင်းနိုင်ငံမှာ ကျင်းပမယ့် ၉ ကြိမ်မြောက် လန်ချန်း -မဲခေါင် နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး မတက်ရောက်ခင် မြန်မာနိုင်ငံကို ဝင်ရောက်ခဲ့ပြီး လက်ရှိ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့သလို အာဏာရှင်ဟောင်း  အငြိမ်းစားဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့လည်း နေပြည်တော်မှာ တွေ့ဆုံခဲ့ပါတယ်။

Source - Xinhua

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013