DVB Logo
Home
Lead Story
နိုင်ငံတကာစင်မြင့်၌ မြန်မာစစ်အာဏာရှင်ဘက်က တရုတ် ရပ်တည်ပေးမည်
DVB
·
April 26, 2026
Photo: DSINFO
Photo: DSINFO
Donate to DVB

တရုတ်နိုင်ငံအနေနဲ့ ကမ္ဘာ့စင်မြင့်တွေမှာ မြန်မာစစ်အာဏာရှင်အတွက် ဆက်လက်ရပ်တည် ပြောကြားပေးသွားမယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက ပြောဆိုလိုက်ပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိဟာ ဧပြီ ၂၅ ရက်က နေပြည်တော်ကိုရောက်လာပြီး  စစ်အာဏာရှင်သမ္မတ မင်းအောင်လှိုင်နဲ့ရော နိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေနဲ့ပါ တွေ့ဆုံခဲ့တာနဲ ပတ်သက်ပြီး  မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ထုတ်ပြန်လိုက်တာပါ။

တွေ့ဆုံပွဲမှာ စစ်အာဏာရှင်သမ္မတ မင်းအောင်လှိုင်က သူ့ကို သမ္မတအဖြစ် ရွေးချယ်ခံရပြီးနောက် ဂုဏ်ပြုသဝဏ်လွှာ ပထမဆုံးပေးပို့ခဲ့တဲ့ တရုတ်သမ္မတရှီကျင့်ဖျင်ကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံအနေနဲ့ တရုတ်တနိုင်ငံတည်းမူက ဆက်လက်ကိုင်စွဲသွားမှာဖြစ်ပြီး တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ (CMEC) တည်ဆောက်ရေးနဲ့ စွမ်းအင်၊ အခြေခံအဆောက်အဦ ကဏ္ဍတွေမှာ ပူးပေါင်းဆောင်ရွက်ဖို့ မျှော်လင့်တယ်ဆိုကြောင်း သံရုံးရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံအတွင်း တရုတ်နိုင်ငံရဲ့ အကျိုးစီးပွားကို ထိခိုက်မဲ့ လုပ်ရပ်မျိုး ခွင့်ပြုမှာမဟုတ်သလို အွန်လိုင်းလောင်းကစား လိမ်လည်မှုတွေကိုလည်း ဆက်လက်နှိမ်နင်းသွားမယ်လို့လည်း စစ်အာဏာရှင်သမ္မတမင်းအောင်လှိုင်က ကတိပြုခဲ့ပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိကလည်း မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာနဲ့ နယ်မြေတည်တံ့မှုကို ကာကွယ်စောင့်ရှောက်ဖို့ တရုတ်နိုင်ငံက ခိုင်မာစွာ ထောက်ခံတယ်လို့ ပြောဆိုတယ်လို့ ထုတ်ပြန်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013