DVB Logo
Home
မြန်မာသတင်း
မုံရွာ-ရွှေဘိုကားလမ်း၌ MyTel ဆင်မ်းကတ်ကိုင်သည့် ခရီးသွားများ ဒဏ်ရိုက်ခံရ
DVB
·
August 21, 2024
မုံရွာ-ရွှေဘိုကားလမ်း၌ MyTel ဆင်မ်းကတ်ကိုင်သည့် ခရီးသွားများ ဒဏ်ရိုက်ခံရ
Donate to DVB

စစ်ကိုင်းတိုင်း မုံရွာ-အရာတော်-ရွှေဘိုကားလမ်းမှာ သြဂုတ် ၁၉ ရက်က Mytel ဆင်မ်းကတ်ကိုင်တဲ့ ခရီးသည်တွေကို ဒေသကာကွယ်ရေးတပ်က အလှူငွေကောက်နေတယ်လို့ ခရီးသည်တင် မော်တော်ယာဥ်မောင်းတွေဆီက သိရပါတယ်။

ခရီးသည်တင် ယာဥ်မောင်းတဦးက “တချို့က PDF ယူနီဖောင်းတွေ ၀တ်ထားတယ်။ သေနတ် တွေလည်း ပါတယ်။ ကားတွေကို ရပ်ခိုင်းပြီး ခရီးသည်တွေဆီက ဖုန်းတွေကို စစ်တယ်။ Mytel ဆင်မ်းကတ်ပါတဲ့ ဖုန်းပိုင်ရှင်တွေနဲ့ ဖုန်းအ၀င်အထွက်တွေမှာ Mytel နံပါတ် တွေ့ရင် ဖုန်းပိုင်ရှင်ကို ကြိမ်နဲ့ ၃ ချက်ရိုက်တယ်” လို့ ပြောပါတယ်။

Mytel ဆင်မ်းကတ်အသုံးပြုတဲ့တဲ့ ဖုန်းပိုင်ရှင်တွေနဲ့ ဖုန်းအ၀င်အထွက်တွေမှာ Mytel နံပါတ် တွေ့တဲ့ ဖုန်းပိုင်ရှင်တွေဆီကနေ ငွေကြေးတွေပါ အလှူခံနေတယ်လို့လည်း ဆိုပါတယ်။

စစ်ကောင်စီဟာ စစ်ကိုင်းတိုင်းအတွင်းက မြို့နယ်နဲ့ ကျေးရွာတချို့ကို ဖုန်းနဲ့ အင်တာနက်လိုင်းတွေ ဖြတ်တောက်ထားပြီး တချို့ကျေးရွာတွေမှာ Mytel ဆင်မ်းကတ်တမျိုးတည်းသာ ဖုန်းလိုင်း မိတယ် လို့လည်း ဒေသခံတွေဆီက သိရပါတယ်။

ယာဥ်နောက်လိုက်တဦးက“Mytel ကတ်လည်း မကိုင်ရတဲ့အပြင် Mytel နံပါတ်တွေကိုလည်း အခေါ်အပြော မလုပ်ရဘူးလို့ ပြောတယ်။ Mytel လိုင်းပဲ မိတဲ့နေရာက ပြည်သူတွေဆို ဘယ်လို လုပ်မလဲ။ ကျနော်တို့လည်း ကြောက်ရမယ့် သူကများနေပြီ” လို့ ပြောပါတယ်။

အဆိုပါကိစ္စနဲ့ပတ်သက်ပြီး အတည်ပြုနိုင်ဖို့ DVB အနေနဲ့ စစ်ကိုင်းတိုင်းအတွင်းက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကို ဆက်သွယ်မေးမြန်းရာမှာတော့ သူတို့အဖွဲ့တွေ လုပ်တာ မဟုတ်ဘူးလို့သာ ဖြေဆိုပါတယ်။

စစ်ကိုင်းတိုင်းအတွင်းက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တခုရဲ့ တာ၀န်ခံတဦးက “အဲဒီကိစ္စ ကြားမိလို့ ဘယ်အဖွဲ့တွေကလည်းဆိုတာ သေချာအောင်တော့ စုံစမ်းနေတယ်။ ကျနော်တို့နဲ့ ဆက်စပ်တဲ့ အဖွဲ့တွေတော့ မဟုတ်ဘူး။ စစ်တပ်ဘက်ကကောင်တွေကလည်း PDF အသွင်ယူပြီး PDF ပုံရိပ်ကျဆင်းအောင် လုပ်လေ့လုပ်ထတော့ရှိတယ်” လို့ ပြောပါတယ်။

စစ်ကိုင်းတိုင်းက မြို့နယ်တွေမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ အင်အားကောင်းပြီး စစ်ကောင်စီ တပ်ဖွဲ့၀င်တွေနဲ့ တပ်စခန်းတွေ မကြာခဏတိုက်ခိုက်ခံနေရလို့ အထိနာပြီး ရှုံးနိမ့်နေတာလည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013