DVB Logo
Home
နိုင်ငံတကာ
ချင်းမိုင်တွင် ဘတ် ၁၀ သန်းကျော်တန်ဖိုးရှိ  E-စီးကရက်များ ဖမ်းဆီးရမိ 
DVB
·
August 20, 2024
ချင်းမိုင်တွင် ဘတ် ၁၀ သန်းကျော်တန်ဖိုးရှိ  E-စီးကရက်များ ဖမ်းဆီးရမိ 
Donate to DVB

ထိုင်းမြောက်ပိုင်း၊ ချင်းမိုင်ခရိုင်၊ ဆန်ဆိုင်းမြို့ထဲမှာ ထိုင်းဘတ် ၁၀ သန်းကျော်တန်ဖိုးရှိ  E-စီးကရက်တွေ  ဖမ်းဆီးရမိတယ်လို့  မန်နေဂျာအွန်လိုင်းထိုင်းသတင်းမှာ ဖော်ပြပါတယ်။ 

အွန်လိုင်းပေါ်ကနေ E-စီးကရက်တွေရောင်းချနေတာကို ၃ လကြာစုံစမ်းပြီး ဆန်ဆိုင်းမြို့ ပါဖိုင်ရပ်ကွက် ကလျာဗျူးအိမ်ရာရှိ  အိမ်တအိမ်ကို  ပြီးခဲ့တဲ့ရက်ပိုင်းက သွားရောက်စစ်ဆေး ဖမ်းဆီးခဲ့တယ်လို့  ထိုင်းအမျိုးသားရဲတပ်ဖွဲ့  ဒုရဲချုပ် နိလန်းဒွန်း လိုမ်ဆီက ဩဂုတ် ၁၉  ရက်သတင်းစာရှင်းပွဲမှာ ပြောပါတယ်။ 

ဒီမတိုင်ခင်ရှေ့က yaivapeth.com အမည်ရှိ ဝက်ဘ်ဆိုက်ဒ်ကနေ E-စီးကရက်တွေ ကြော်ငြာရောင်းချနေတာကို  ထိုင်းနိုင်ငံသုံးစွဲသူများကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ တွေ့ရှိခဲ့တယ်။ E-စီးကရက်သုံးစွဲရောင်းချမှုကို ထိုင်းဥပဒေက တားမြစ်ထားတာကြောင့်  အရေးယူဖို့အတွက် သက်ဆိုင်ရာက ဝယ်ယူသူအယောင်ဆောင်ပြီး စုံစမ်းခဲ့တယ်။ စီးကရက် ဝယ်လိုသူတွေဟာ ဝက်ဘ်ဆိုက်ကညွှန်းတဲ့ LINE  အုပ်စုထဲအရင်ဝယ်ရပြီး အွန်လိုင်းကနေမှာယူရတာလို့ ဆိုပါ တယ်။

စီးကရက်ဂိုဒေါင် ချင်းမိုင်မှာရှိကြောင်း သိရတဲ့နောက် တာဝန်ရှိသူတွေက သွားရောက် ဖမ်းဆီးရာမှာ အဆိုပါအိမ်မှာ ပါဆယ်ပစ္စည်းပို့ကုမ္ပဏီလုပ်ငန်းအယောင်ပြလုပ်ကိုင်ကြောင်း၊  အရွယ်အစားအမျိုးမျိုး၊ ပုံစံအမျိုးမျိုး၊ အနံ့အရသာအမျိုးမျိုးရှိ E-စီးကရက်ပေါင်း ၃၁၇၉၀ တောင့်ကို သိမ်းဆည်းရရှိတယ်၊ တန်ဖိုးအားဖြင့် ဘတ် ၁၀ သန်းကျော်ရှိတယ်လို့ ဆိုပါတယ်။ 

နိုင်းဆလန်ယူအမည်ရှိ ထိုင်းအမျိုးသားက ပိုင်ရှင်ဖြစ်ကြောင်း ပြောဆိုပြီး အဲဒီစီးကရက်တွေကို တရုတ်နိုင်ငံကနေ မှာယူတင်သွင်းတယ်၊ ဒီလိုလုပ်တာ ၄  နှစ်ရှိပြီ ၊ လစဉ်လည်ပတ်ငွေ ဘတ် ၁၀ သန်းခန့်ရှိတယ်၊  ထိုင်းမြောက်ပိုင်းက လူငယ်တွေအများဆုံးမှာယူတယ်လို့ ဖွင့်ဟ ဝန်ခံတယ်လို့ ဆိုပါတယ်။

E-စီးကရက်တွေကို နိုင်ငံတချို့က တရားဝင်သုံးစွဲရောင်းချခွင့်ပြုပေမဲ့ ထိုင်းနိုင်ငံအနေနဲ့တော့ ခွင့်မပြုကြောင်း၊ E-စီးကရက်ကို လူငယ်တွေ မူလတန်းဆင့်ကလေးတွေပါ သုံးစွဲနေ တာတွေ့ရတယ်၊ ဒါဟာ ကျန်းမာရေးအတွက် လွန်စွာအန္တရာယ်များတဲ့အတွက် သုံးစွဲတာ၊ တင်သွင်းတာ၊ ရောင်းချတာ ခွင့်မပြုဘူး၊ မနှစ်ကလည်း ဘတ်သန်းပေါင်း ၁၀၀ ကျော်တန်ဖိုးရှိ E-စီးကရက်တွေ ဘူးပေါင်း ၁ သိန်းကျော်ဖမ်းဆီးခဲ့ပြီး  တရားခံ ၁၈ ဦးကို အရေးယူအပြစ်ပေးခဲ့ တယ်လို့  ဒုရဲချုပ်က ပြောသွားပါတယ်။

ထိုင်းနိုင်ငံမှာ E-စီးကရက်ရောင်းဝယ်ပါက  ပမာဏပေါ်မူတည်ပြီ  ၃ နှစ်ထက်မပိုတဲ့ ထောင်ဒဏ် ဒါမှမဟုတ် ဘတ် ၆၀၀ ,၀၀၀ ထက်မပိုတဲ့ငွေဒဏ် ဒါမှမဟုတ် ထောင်ဒဏ်ရော ငွေဒဏ်ပါ နှစ်မျိုးလုံးကချခံရမှာဖြစ်ပါတယ်။ 

Source-  MGR Online 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013