DVB Logo
Home
မြန်မာသတင်း
ဒီပဲယင်းရဲစခန်းမှ ထွက်ပြေးသွားသူများ တိုက်ခိုက်ခံရပြီး ၂ ဦး ထက်မနည်း သေဆုံး
DVB
·
August 20, 2024
ဒီပဲယင်းရဲစခန်းမှ ထွက်ပြေးသွားသူများ တိုက်ခိုက်ခံရပြီး ၂ ဦး ထက်မနည်း သေဆုံး
Donate to DVB

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့ကို ပြည်သူ့ကာကွယ်ရေး တပ်ပေါင်းစုတွေ အပြီးသတ် သိမ်းပိုက်ပြီးနောက် ဒီပဲယင်းမြို့မရဲစခန်းကနေ ထွက်ပြေးသွားသူတွေကို ကြားဖြတ် တိုက်ခိုက်ခဲ့တဲ့အတွက် ၂ ဦးထက်မနည်း သေဆုံးပြီး သေနတ် ၂ လက် သိမ်းဆည်းရရှိတယ်လို့ ဒီပဲယင်း-ပကဖ ဆီကနေ သိရပါတယ်။

ဒီပဲယင်း-ပကဖ တာဝန်ခံတဦးက “ဒီပဲယင်းမြို့ကိုသိမ်းတော့ အဲဒီမြို့က ရဲစခန်းကနေ စခန်းစွန့်ပြီး ထွက်ပြေးလာကြသူတွေကို ဒီပဲယင်းနဲ့ ရေဦးကြားမှာ ကြားဖြတ်တိုက်ခဲ့တာပါ။ သူတို့ဘက်က အနည်းဆုံး ၂ ယောက်သေတယ်။ သေနတ် ၂ လက် သိမ်းဆည်းနိုင်ခဲ့တယ်ဗျ” လို့ DVB ကို ပြောပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုတွေဟာ သြဂုတ် ၁၅ ရက်က စတင်ပြီး ဒီပဲယင်းမြို့ပေါ်က စစ်ကောင်စီတပ်သားတွေ တပ်စွဲနေတဲ့ နေရာတွေကို တိုက်ခိုက်ခဲ့ပြီးနောက် သြဂုတ် ၁၈ ရက် မနက်ပိုင်းမှာ ဒီပဲယင်းမြို့ကို အပြီးသတ် သိမ်းပိုက်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

ဒီပဲယင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ အင်အားစုဖွဲ့ရေးနဲ့ လေ့ကျင့်ရေး တာဝန်ခံတဦးက “စစ်တပ်ဘက်က အင်အားတိုးပြီး ဒီပဲယင်းမြို့ထဲကို ဝင်လာတာရယ်၊ လေကြောင်းကနေပါ အဆက်မပြတ် ဗုံးကြဲနေလို့ ကျနော်တို့တွေ ဒီပဲယင်းမြို့ပေါ်ကနေ ခဏပြန်ဆုတ်လာကြတယ်။ ဒါပေမဲ့ တိုက်ပွဲတွေကတော့ ပြင်းထန်နေဆဲပါပဲ” လို့ ပြောပါတယ်။

အဆိုပါကြားဖြတ်တိုက်ခိုက်မှုကို ဒီပဲယင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ အင်အားစုဖွဲ့ရေးနဲ့ လေ့ကျင့်ရေးက ဦးစီးပြီး ဒီပဲယင်းပကဖ တိုက်နယ် ၁၊ ၂၊ ၃ နဲ့ ရေဦးပကဖ တိုက်နယ် ၆၊ နယ်စည်းမခြား ဖရီးဒမ်း ဖက်ဒရယ်စစ်ကြောင်း ၁ အညာဒေသ ပူးပေါင်းအဖွဲ့တွေက လိုက်လံတိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့ကို ဩဂုတ် ၁၈ ရက် မနက် ၇ နာရီဝန်းကျင်မှာ အပြီးသတ် သိမ်းပိုက်ရရှိခဲ့ပြီး စစ်ကောင်စီတပ်သား ၂၀ ကျော် သေဆုံးကာ အလံဖြူထောင် လက်နက်ချသူ ၁၂၃ ဦးရှိပြီး လက်နက်ခဲယမ်း အများအပြားလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ ဒီပဲယင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကနေ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013