DVB Logo
Home
မြန်မာသတင်း
ဖူးကက်တွင် ပစ်ခတ်မှုဖြစ်ပြီး မြန်မာမိန်းကလေး ၁ ဦး သေဆုံး 
DVB
·
August 20, 2024
ဖူးကက်တွင် ပစ်ခတ်မှုဖြစ်ပြီး မြန်မာမိန်းကလေး ၁ ဦး သေဆုံး 
Donate to DVB

ထိုင်းတောင်ပိုင်း၊ ဖူးကက်ခရိုင်ထဲမှာ ဩဂုတ် ၁၈ ရက် မနက်က ဟိုင်းလပ်စ်ကား ၁ စီး  သေနတ်ပစ်ခံရပြီး ကားရှေ့ခန်းမှာ လိုက်ပါလာတဲ့ အသက် ၁၅ နှစ်ရွယ် မြန်မာမိန်းကလေးတဦး သေဆုံးသွားတယ်လို့  Thai ch8  သတင်းမှာ ဖော်ပြပါတယ်။ 

ဖူးကက်ခရိုင် ကထုမြို့  စီကောမီးပွိုင့်မှာ ပစ်ခတ်မှုဖြစ်ပြီး ဒဏ်ရာရသူရှိကြောင်း သတင်းရ တဲ့အတွက်  လူနာတင်ကားနဲ့အတူ အခင်းဖြစ်တဲ့နေရာကို သွားရောက်စစ်ဆေးခဲ့ရာမှာ ရှေ့က သွားနေတဲ့ ဟိုင်းလပ်စ်ကား တစီးကို အနောက်ကနေလိုက်လာတဲ့ ဆိုင်ကယ်စီးသမားက ပစ်ခတ်ပြီး ပါတောင်းမြို့ဘက် ထွက်ပြေးသွားတဲ့ဖြစ်စဉ်ဖြစ်ပွားခဲ့တာလို့ ကထုနယ်မြေရဲစခန်း တာဝန်ရှိသူက သတင်းထောက်ကို ပြောပါတယ်။

အဆိုပါပစ်ခတ်မှုကြောင့် ကားရှေ့ခန်းမှာ လိုက်လာတဲ့  အသက် ၁၅ နှစ်ရွယ် နမ့်ဖိန့်  Pueng ဆိုသူ  မြန်မာမိန်းကလေး  ( ယောကျ်ားရှာ ) မှာ ဦးခေါင်းမှာ ကျည်ဆန်ထိပြီး ဆေးသို့ရုံပို့ဆောင်စဉ် လမ်းခုလပ်မှာ သေဆုံးသွားတယ်လို့ ကထုနယ်မြေရဲစခန်း တာဝန်ရှိသူမှ သတင်းထောက်ကို ပြောပါတယ် ။

ဟိုင်းလပ်စ်ကားမောင်းသူ ကစ်သီဖုန်း ( ၂၇ နှစ် ) ပြောပြချက်အရ သူဟာ ဒီမတိုင်ခင်ရှေ့က ဆိုင်ကယ်စီးလူငယ်တွေနဲ့ ပြဿနာရှိခဲ့ဖူးတယ်၊ အဲဒီနေ့က သူတို့ပါတောင်းဘက်ကို အလည်အ ပတ်သွားပြီး ဖူးကက်ကိုအပြန် ရန်ဘက်နဲ့ ဓာတ်ဆီဆိုင်တစ်ခုမှာ တွေ့ခဲ့တယ်၊  အပြန်မှာ ရန်ဘက်က ဆိုင်ကယ်နဲ့ လိုက်လာပြီး သေနတ်နဲ့ပစ်တယ်၊ နမ့်ဖိန့်က နောက်ခန်းမှာ ထိုင်စရာမရှိတော့လို့ ရှေ့ ခန်းက နောက်သူငယ်ချင်းတယောက်ရဲ့ ပေါင်ပေါ်မှာ ထိုင်လိုက်လာစဉ် သေနတ်မှန်သွားတာ၊ နမ့်ဖိန့်ကတော့ ဆိုင်ကယ်သမားနဲ့  ရန်ငြိုးရန်စမရှိ ၊ သိလည်းမသိဘူးလို့ ဆိုပါတယ်။ 

စီစီကင်မရာမှာ ပြန်လည်စစ်ဆေးချက်အရ မီးပွိုင့်နားမရောက်ခင် ဟိုင်းလပ်ကားက အနောက်က လိုက်လာတဲ့ ဆိုင်ကယ်ကို ကားနောက်ပြန်ဆုတ်ပြီးတိုက်လိုက်တယ်၊ ဆိုင်ကယ်ပေါ်က လူပြုတ် ကျပြီး ပြန်အထမှာ ကားကိုသေနတ်နဲ့ လှမ်းပစ်လိုက်တာကို တွေ့ရပါတယ်။ 

နောက်တနေ့မှာ ရဲတွေက ဆိုင်ကယ်စီးလူငယ် ၂ ဦးကို စုံစမ်းဖမ်းဆီးရာမှာ သေနတ် နဲ့ပစ်ခတ်သူမှာ နိုင်းဒနုဆွန်  ( ၁၉ နှစ် ) ဖြစ်ပြီး  သေနတ်နဲ့ အခင်းဖြစ်စဉ်က ဝတ်ခဲ့တဲ့ဝတ်စုံကို အိတ်နဲ့ထည့်ပြီး ပင်လယ်ကမ်းစပ်နားကချောက်ကမ်းပါးထဲလွှင့်ပစ်ခဲ့တယ်လို့ ပြောပါတယ် ။ 

တာဝန်ရှိသူတွေက ၁၀ မီတာကျော်ရှိတဲ့ ချောက်ထဲဆင်းပြီး အရေးကြီးသက်သေခံပစ္စည်းကို လိုက်ရှာပေမယ့် မတွေ့သေးပါဘူး။ 

ဆိုင်ကယ်ပေါ်က နိုင်းချနဖုန်းနဲ့  ဒနုဆွန်တို့ ထွက်ဆိုချက်အရ  ဒီမတိုင်ခင်ရှေ့က သူတို့ဟာ ဟိုင်းလပ်ကားမောင်းသူဆီငွေ ဘတ် ၂၀ ချေးငှားခဲ့တယ်၊ တဘက်က အဲဒီကိစ္စ  အွန်လိုင်းပေါ် တင်ပြီး သူတို့ကိုအရှက်ရအောင်လုပ်တယ်၊ ဝိုင်းသရော်ခံရတယ် အဲဒါမကျေနပ်လို့ လိုက်ပြောရာက ရန်ဖြစ်ကြတာလို့ ဆိုပါတယ်၊ တာဝန်ရှိသူတွေကတော့ အဲဒီထက်ကြီးတဲ့ ပြဿနာရှိနိုင်တယ်လို့ ယူဆပြီး ဖြစ်ရပ်မှန် ဆက်လက်စုံစမ်းအရေးယူမယ်လို့ ဆိုပါတယ်။

လောလောဆယ် သူတို့ကို လက်နက်မှု ၊  တမင်ရည်ရွယ်လူသတ်မှုတွေနဲ့အရေးယူထားပြီး နိုင်း ကစ်သီဖုန်းကိုလည်း ယာဉ်စည်းကမ်းဖောက်ဖျက်မှုနဲ့ ကနဦးအရေးယူထားတယ်လို့ ရဲစခန်းက ပြောကြောင်း ထိုင်းသတင်းမှာဖော်ပြထားပါတယ်။ 

Source/ Photo- Thai ch8 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013