DVB Logo
Home
နိုင်ငံတကာ
ကွန်ဂိုတွင် မျောက်ကျောက်ရောဂါ ကူးစက်ခံရပြီး လူ ၅၀၀ ကျော်သေဆုံး
DVB
·
August 19, 2024
ကွန်ဂိုတွင် မျောက်ကျောက်ရောဂါ ကူးစက်ခံရပြီး လူ ၅၀၀ ကျော်သေဆုံး
Donate to DVB

ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ (DRC) မှာ အရင်က မျောက်ကျောက်ရောဂါလို့ လူသိများတဲ့ mpox ရောဂါ ဖြစ်ပွားကူးစက်မှုကြောင့် သေဆုံးသူ အယောက် ၅၀၀ ကျော်သွားပြီး ကူးစက်ခံလူနာ ၁၅,၀၀၀ ကျော်ရှိလာပါပြီ။ 

အိမ်နီးချင်းနိုင်ငံတွေဆီကိုလည်း ရောဂါကူးစက် ပျံ့နှံ့သွားခဲ့ပြီး တကမ္ဘာလုံးမှာ ရောဂါဖြစ်မှာကို စိုးရိမ်စိတ်တွေ မြင့်တက်လာခဲ့ပါတယ်။ အခုအချိန်အထိ အာဖရိကနိုင်ငံ ၁၂ နိုင်ငံမှာ ရောဂါဖြစ်ပွားမှုကို မှတ်တမ်းတင်ထားပါတယ်။

ဒီရောဂါနဲ့ပတ်သက်ပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေး အရေးပေါ်အခြေအနေ ကြေညာအပြီး ကမ္ဘာတဝန်းက နိုင်ငံတွေကို အရှိန်မြှင့် စောင့်ကြည့်နေပါတယ်။

ကွန်ဂိုနိုင်ငံမှာ အခု ကူးစက်ပြန့်ပွားနေတဲ့ မျောက်ကျောက်ရောဂါဟာ အရင် မျိုးကွဲတွေထက် ကူးစက်နှုန်းပိုမြင့်တဲ့ ဗိုင်းရပ်စ်မျိုးကွဲ Clade 1b ဖြစ်ပြီး သေဆုံးမှုနှုန်း ၃ ဒသမ ၆ ရာခိုင်နှုန်း ပိုမြင့်လာလို့ ပိုဆိုးရွားတယ်လို့ WHO က ဆိုပါတယ်။

၂၀၂၄ ခုနှစ် အစပိုင်းကစပြီး မျောက်ကျောက်ရောဂါ ကူးစက်ခံ သံသယလူနာ ၁၅,၆၆၄ ယောက်ရှိပြီး သေဆုံးသူ ၅၄၈ ယောက်ရှိလို့ ရောဂါကူးစက်မှု အများဆုံးနိုင်ငံဟာ ကွန်ဂိုနိုင်ငံ ဖြစ်တယ်လို့ ကွန်ဂို ကျန်းမာရေးဝန်ကြီး ရော်ဂျာ ခမ်ဘာက ကြာသပတေးနေ့နှောင်းပိုင်းမှာ ကြေညာခဲ့ပါတယ်။

ကွန်ဂိုနိုင်ငံဟာ ၂၀၂၂ ခုနှစ်နှောင်းပိုင်းကတည်းကစပြီး ခုထိ ကူးစက်နေတဲ့ ရောဂါရဲ့ အကျိုးသက်ရောက်မှုကို ခံခဲ့ရတာလို့ ရိုက်တာသတင်းဌာနက ထုတ်ပြန်ခဲ့ပါတယ်။

Source-Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013